5

1.6K 259 26
                                    

Unicode

ည​နေ ​ဆေးရုံကအပြန်မှာ​တော့ byun baekhyun ဟာ မနက်က ​​ပြောခဲ့သည့်အတိုင်း လာကြို​လေ၏။
ဘာကိုမှ ဂရုမစိုက်စွာ ကားကိုပါကင်မှာ မရပ်ပဲ ​​ဆေးရုံဝမှာတင် ပိတ်ကာ ရပ်ချထားသည် ။
security​တွေက ဒင်းကို ဘယ်လိုမှ ​ရွှေ့ခိုင်းလို့မရလို့ဆိုပြီး လာတိုင်တာမို့ ဂျူတီကို ​တောင်း​တောင်းပန်ပန် ​စောချိန်း၍ ကမန်းကတန်းထွက်လာရသည် ။

လက်တစ်ဖက်ကအိတ်ကိုဆွဲလို့ နောက်တစ်ဖက်က ဂျူတီကုတ်ကိုကိုင်ကာ ဖရိုဖရဲထွက်လာပြီး​နောက်
ကိုးလိုးကန့်လန့်ရပ်ထား​​သောကားနား ကသိုက်ကရိုက်​လျှောက်သွားလိုက်ကာ မှန်ကို သာသာ​လေးနှစ်ချက်​ခေါက်လိုက်သည် ။
သုံးနှစ်​လောက်ပိုက်ဆံစုပြီးဝယ်ထားရသည့် ကိုယ်ပိုင်တဲ့ အဖိုးတန်​လေးမို့ ဘယ်​လောက်ပဲစိတ်ဆိုး​နေပါ​စေ
အကြမ်းပတမ်းမလုပ်ရက်။

သို့​သော် ဖြည်းညင်းစွာကျလာသည့်မှန်​ကြောင့် အထဲက ပုံစံကိုမြင်ပြီးတဲ့အခါ​မှာ​​​တော့ ပါးစပ်အ​ဟောင်းသား ဖြစ်သွားရ​တော့သည် ။

Byun Baekhyun ဟာ သူဖုန်တစ်စက်​တောင်အတင်မခံခဲ့သည့် သူ့ကား​လေး​ပေါ်  ​ခြေ​ထောက်ကိုဆန့်တန်းလို့ စီယာတိုင်​ပေါ် ပစ်တင်ထားပြီး ခုံကို​နောက်လှန်ကာ နဖူး​ပေါ်လက်တင်လို့ ဆန့်ဆန့်ကြီး အိပ်​နေ​လေ၏။
အင်္ကျီကိုလည်း ကြယ်သီး ​တစ်ဝက်​လောက်ဖြုတ်ထားသည့်အပြင် ​ဘောင်းဘီကိုဒူးထိ​ခေါက်တင်ထားကာ ဗရုတ်သုတ်ခပုံနှင့် ။
​ဘေးလူမြင်ရင်​တောင် နှာ​ခေါင်းရှုံ့ကာ ကဲ့ရဲ့ ခံရမည်မို့ ​ဒေါသက​ငယ်ထိပ်တက်​ဆောင့်ရပြန်ကာ
​လော့ဖွင့်​ပေးလိုက်​သော တံခါးကို ဆွဲ​ဆောင့်ကာ ဖွင့်လိုက်​​တော့သည် ။

" baekhyun မင်း တကယ်ပဲ တရားလွန်  အု "

ကားတံခါးပွင့်သွားသည်နှင့် ဆွဲချမည်ဟုကြံမိလိုက်​ပေမယ့် တကယ်တမ်းဆွဲခံရတာဟာ သူ့လည်ပင်းက ​ကော်လံစသာဖြစ်​နေပြီး ထိုသ​ကောင့်သား​ပေါ်သို့ လုံးလုံးလျားလျားကြီး အုပ်မိုးကာပစ်ကျသွား​တော့သည် ။
ထို့အပြင်  byun baekhyunဟာ မျက်လုံးမှိတ်ထားလျက်ဖြင့်ပင် သူ့နှုတ်ခမ်း​တွေကို က​လေး​တွေနို့စို့သလို တပြွတ်ပြွတ် စုပ်​နေ​၏။
ပွင့်ဟ​နေ​သော ထို​ခွေး​ကောင်၏ရင်အုပ်ဖြူ​ဖွေး​ဖွေး​သည်ကား နိမ့်ချည်မြင့်ချည် ဖြစ်​နေပြီး သူ့ ရင်အုပ်ကျယ်ကြီးကိုလာ​ရောက်ထိခတ်​နေ​သေးသည် ။
ရုတ်တရက်ဆန်​သော အ​ခြေအ​နေအား တားဆီးချိန်မရလိုက်သည်​ကြောင့် သတိကပ်​လေ​သောအချိန်မှသာ ​ခေါင်းကိုဆင်နင်းခံလိုက်ရသကဲ့သို့ ပူထူကျိန်းစပ်လာပြီး ထိုသ​ကောင့်သားထံမှ ရုန်းထွက်လိုက်ကာ ​ကော်လာက​​ဆောင့်ဆွဲလို့ ကားပြင်ကိုအကြမ်းပတမ်း​​ခေါ်ထုတ်လိုက်သည် ။

To~~~~~Mg 《Completed》Where stories live. Discover now