24

1.6K 226 47
                                    

Unicode

မနက်ခင်း​လေနု​အေးဟာ ဖွင့်ဟထားမိ​သောပြတင်း​ပေါက်က​နေ တိုးလို့ဝင်​ရောက်လာခဲ့ပြီး စိမ့်​နေ​သော အ​အေးဓါတ်​ကြောင့် ပြတင်း​ပေါက်ဘက်​ကျော​ပေးကာ အိပ်​နေ​သော baekhyun အားနှိုးလိုက်သလိုဖြစ်သွား၏ ။
နဂိုကတည်းက အအိပ်ဆက်သည့်သူမို့​ကျောတစ်​လျှောက် လုံး ​အေးစိမ့်သွားမှု​ကြောင့် မျက်လုံး​တွေဟာ အလိုအ​လျောက် ပွင့်ဟ လာသည် ။

ပြတင်း​ပေါက်ပိတ်ရန်​မေ့သွားခဲ့သည့်မိမိကိုယ်ကိုသာအပြစ်တင်ရင်း လက်နှစ်ဖက်ကိုအ​ပေါ်​မြှောက်လို့ အ​ကြောဆန့်ကာ ထထိုင်လိုက်သည် ။
​မှေးကျဥ်း​နေ​သော မျက်ဝန်းတို့ကား ယခုထိတိုင် ​ဝေ​ဝေဝါးဝါး ၊
ပျင်းရိ​လေးတွဲစွာဖြင့် ပါးစပ်ကိုဟလို့  အားရပါးရသန်း​ဝေလိုက်ပြီး ​တစ်ဖက်​ဘေးသို့ ငဲ့ကြည့်လိုက်သည် ။

​​​အအိပ်မက်သည့်​မောင်က ခုထိအိပ်​မောကျ​နေတုန်းပင် ၊
​မေး​စေ့တစ်​ဝိုက် စီးကျ​နေသည့် သ​ရေစီး​ကြောင်းအား လက်မသုံး၍ သုတ်​ပေးလိုက်ပြီး  ​မောင့်နဖူး​ပေါ်သို့ပွတ်ဆွဲလိုက်ကာ နှာ​ခေါင်းကိုခပ်ကြမ်းကြမ်းဆွဲညှစ်လိုက်သည် ။

" မိုးလင်း​နေပြီ ထ​တော့ ​မောင် ! "

ခပ်ဆတ်ဆတ်သူ့အသံ​ကြောင့် မျက်နှာတစ်ခုလုံးတွန့်ရှုံ့ကာ ​ကျော​ပေးသွားသည့်​မောင့်အား အားသုံးကာ ပြန်ဆွဲလှည့်လိုက်​ရင်း

" ​ကောင်း​ကောင်းနှိုး​နေတုန်းထမလား မထဘူးလား "

" မထဘူးကွာ မထဘူး !  "

လက်​မောင်းတစ်ဖက်ကိုအတင်းဆွဲထူလို့ နှိုး​ပေမယ့် ​မောင်က မထ ၊
​ပေ​စောင်း​စောင်းနှင့်မျက်လုံးတစ်ချက်ဖွင့်ကြည့်ပြီး ​လျှောကျ​နေသည့်​စောင်အား ရင်ဘတ်ထိဆွဲခြုံကာ ပြန်အိပ်သွားသည် ။

" ကျွန်​တော် ဗိုက်ဆာ​နေပြီ  ! "

" အီးစား ! "

မျက်လုံးမဖွင့်ပဲ ​ကန့်လန့်တိုက်စွာ ​​ဖြေလာသည့်စကား​ကြောင့် အံကြိတ်လိုက်မိသည် ။
မ​နေ့က ကိစ္စနှင့် ​မောင် သူ့ကိုစိတ်ဆိုး​နေသည်မှာ ယခုထိ ၊
ညကလည်း ညစာချက်မ​ကျွေး ၊ အပြင်ထွက်သွားပြီး ၁၂ တီးမှပြန်လာသည် ၊ သူ့မှာ​တော့ တစ်ညလုံး​ရေ​သောက်ဗိုက်​မှောက်ပြီး အိပ်ခဲ့ရသည် ။
ယခုလည်း မနက်စာ ချက်​ကျွေးမဲ့ပုံ​မ​ပေါ် ၊
သူ့အမျိုးသား​လောင်းကြီးကကြီး​တောင်ကြီးမားနဲ့ စိတ်ကတအား​ကောက်တတ်တာပဲ ။

To~~~~~Mg 《Completed》Where stories live. Discover now