18

1.6K 268 77
                                    

Unicode

စားပွဲကို လက်နှင့် တီး​ခေါက်​နေသံက အခန်းကျယ်ထဲ လွှမ်းလို့​နေသည် ။
chanyeolဟာ ဆုံလည်ခုံ​​ပေါ် စိတ်ပျက်လက်ပျက်ထိုင်​နေရင်းမှ လက်တစ်ဖက်က စားပွဲကို​ခေါက်​နေကာ ကျန်တစ်ဖက်က​တော့ ဖုန်းကို မျက်​မှောင်ကြုံ့ရင်း ကြည့်​နေလျက် စိတ်ရှုပ်​နေပုံ​ပေါ်၏ ။

message ​တွေထဲဝင်လိုက်၊ ဖုန်းcall ​တွေကိုစစ်လိုက်ဖြင့်
ထပ်ခါထပ်ခါ လုပ်​နေမိသည်မှာ မည်မျှကြာ​​နေပြီမှန်း​တောင်မသိ ။

ဖုန်းတစ်call​တောင် မဆက်ဘူး​ပေါ့​လေ!
တ ​မောင် ​မောင်နဲ့ ​တောက်တဲ့လို​ကောင်က ထားခဲ့တဲ့အတိုင်း ​နေခဲ့ပြီး တစ်ခွန်း​လေး​တောင် တားမယ်မရှိဘူး ။
မတားတဲ့အပြင် ​တောင်းပန်ဖို့ဘာဖို့ ခုထိကို အဆက်သွယ်မလုပ်ဘူး​ပေါ့ ဟမ့်
ရတယ် ရတယ် မင်းက​နေနိုင်မှ​တော့ ငါကဆယ်ဆ​တောင်​နေနိုင်ပြလိုက်မယ် !

ဖုန်းကို power off ပြစ်ကာ ခပ်​ဝေး​ဝေးကို တွန်းထုတ်လိုက်သည် ။  မ​နေ့က ​ဖြစ်ခဲ့တဲ့ ပြဿနာ​တွေကို တစ်ညလုံး ပြန်ကာ​တွေးရင်း အိပ်မရခဲ့သည်မှာ ခု​တော့အချည်းနှီး ။
​​သွေးပူတုန်းမို့ ​ပြောချင်ရာ​ပြောခဲ့ပြီးမှ  စိတ်​မ​ကောင်းဖြစ်ရသည် ။ မ​နေ့က byun baekhyun ​မွေး​နေ့ကြီးမဟုတ်လား
သူစိတ်လိုက်မာန်ပါ ​ပြောပြီး သူတစ်ပါး​မွေး​နေ့မှာ ပြဿနာမရှာခဲ့သင့်ပါ ။  သို့​သော် ထိုလူကbyun baekhyunမို့ တစ်ဖက်က ​တွေးကြည့်လျှင်လည်း သူ့အလွန်ဟု ယူဆ၍မရ ။ လူတစ်​ယောက်ရဲ့ သည်းခံနိုင်မှုအတိုင်းအတာ က ​​ကျော်လွန်သွားရင် ​ပေါက်ကွဲထွက်တတ်တာပဲမဟုတ်လား ။

မ​နေ့က စိတ်တအားတို​နေတာမို့ မပတ်သတ်​တော့ဘူးရယ်လို့ ​တွေးခဲ့​ပေမယ့်  ညအိပ်ခါနီးဝင်လာသည့်  အ​တွေးတို့​ကြောင့် မဖြစ်နိုင်မှန်း သိခဲ့၏ ။
baekhyun သူ့ကိုယ်သူတစ်ခုခုလုပ်လိုက်ပြီလား  ၊
စိတ်တိုပြီး ထိခိုက်ဒဏ်ရာရ​အောင်လုပ်​နေ​လောက်လား ၊
ထားခဲ့တဲ့​နေရာမှာပဲ တစ်ညလုံး​နေ​နေမလား စသည်စသည်
လား​ပေါင်းများစွာ​သောပူပန်မှုတို့​က အ​တွေးထဲ​ယောက်ယက်ခတ်စွာ ​ပြေးလွှားခဲ့ကြသည် ။
ချစ်မိသွားလို့ပဲလား သံ​ယောဇဥ်​တွယ်မိသွား​တာကြောင့်လား သနားဂရုဏာသက်မှု​ကြောင့်ပဲလား​တော့မသိ ၊
Byun Baekhyunကိုတစ်​ယောက်တည်း စိတ်မချနိုင်သည်မှာ​တော့အမှန်ပင်ဖြစ်​ချေသည် ။

To~~~~~Mg 《Completed》Where stories live. Discover now