17

1.5K 267 87
                                    

Unicode

​ကောင်ကင်ကြီးဟာနီနီ​ဆွေးလို့ ​မှောင်ရီပျိုးကာ ​နေဝင်သွားခဲ့ပြီ ။
​ဂေဟာက က​လေး​တစ်သိုက်ခြံရံလျက် မုန့်သွားစားပြီးသည့်​နောက် အိမ်ကိုပြန်ဖို့ ထွက်လာခဲ့ကြသည် ။
စကားတစ်ခွန်းမှမ​ပြော​သေးသည့် လူသား​နောက် သူဟာ တ​ကောက်​ကောက် ၊

ယခုလည်း​ဘေးချင်းသာ ယှဥ်သွား​နေသည် ၊ ​baekhyun ဟာ ရှေ့တူရူသို့သာ ​​ငေးရင်း​မောရင်း ​လျှောက်​နေပြီး သူ့ကိုအဖက်မလုပ် ။
ဘယ်ထ််ိ ဆက်​လျှောက်မယ် ဘယ်လိုပြန်မယ်မှန်းမသိ​ပေမယ့် ​နေဝင်ရီတ​ရော အချိန်​လေးမှာ ဒီလိုယှဥ်တွဲလမ်း​လျှောက်​နေရတာ​လေးကလည်း ရင်ထဲတစ်မျိုးတစ်ဖုံ​လေးမို့ သူလည်းပဲ အပိုစကားမဆို ။

​ခေါင်းတစ်လုံးစာမျှ နိမ့်​သော byun baekhyunမှာ ​ဘေးတိုက်က​နေ ခိုးကြည့်ရင်​တောင် နက်​​မှောင်စူးရှ​နေ​သော မျက်ဝန်းများက ခက်ထန်လျက်ရှိ​နေသည် ။
ထိုမျှတစ်ဆင့်​အောက်ကိုဆင်းလို့ ပါးမို့မို့​တွေဆီ​ရောက်သည့်အခါတွင်​တော့ မပြုံးပဲကိုမ​နေနိုင်​တော့ ၊
ခက်ထန်​စူးရှ​သော မျက်ဝန်း တစ်စုံနှင့်  ဆန့်ကျင်လှစွာ
ပါးပြင်မို့မို့က ​ပြောင်ကာတင်းလို့ အသည်းယားစရာ ​ကောင်းလှ၏ ၊

ခွီ !

ပနံမသင့်​သောအရာနှစ်ခု​​ကြောင့်မထိိန်းနိုင်ပဲ အသံထွက်၍ ရယ်လိုက်မိသည့်​အခါ
baekhyun ရဲ့ ​ခြေလှမ်း​တွေဟာ တုန့်ခနဲရပ်သွားပြီး
သူ့ဘက်ကို ဆက်ကနဲ လှည့်လာကာ  ရင်ဘတ်က အင်္ကျီစကို ​ဆောင့်ဆွဲလို့ မျက်နှာနှစ်ခုအားနီးကပ်​စေလိုက်၏ ။

" ​ဆော ​ဆောရီး  ငါမထိန်းလိုက်နိုင် ..  "

ဒုတ် ဒုတ် 

စကားမဆုံးခင် ကျယ်​လောင်စွာမြည်ဟီးလာ​သောအသံသည်ကား ရင်ဘတ်အတွင်းမှ နှလုံးခုန်သံပင်ဖြစ်သည် ။
နီးကပ်လွန်းလှ​သော အ​နေအထားတစ်ခုမှာ baekhyunရဲ့
မျက်နှာတစ်ခုလုံးကို အ​သေးစိတ်မြင်လိုက်ရပြီး​နောက်
လူ​ရော စိတ်ပါ ​ဗြောင်းဆန်ကုန်၏ ။
ပထမဆုံးနီးကပ်ခြင်းမဟုတ်​သော်ငြား ဘာ​ကြောင့်များ ဒီ​လောက်ရင်ခုန်ဖွယ်ရာ ​ကောင်း​နေရ​သနည်း !

To~~~~~Mg 《Completed》Where stories live. Discover now