7

1.5K 254 24
                                    

Unicode

" မင်းညစ်တာ byun baekhyun !
ဒါသက်သက် ငါ့ကိုအကွက်ဆင်တာ ! "

" ဘာဖြစ်ဖြစ်ကျွန်​တော်နိုင်​တယ်​လေ
​မောင့်စကားတိုင်းပဲ အခုဖြတ် ! "

​မောင်က ​ခြောက်ခြား တုန်လှုပ်​နေပုံရကာ လက်နှစ်ဖက်လုံးသုံးလျက်  ဖွား​ဖက်​တော်​လေးကိုအုပ်ထား၏ ။
ရိုးသားလွန်းပြီး သနားတတ်လွန်းသည့်​မောင်က
လှည့်ရပတ်ရအင်မတန်လွယ်သည် ။
အတည်​ပေါက်ကြီး​ပြောလိုက်တာ​တွေကို​တောင် ယုံစားပြီး ပြူးတူးပြာတာနှင့် သူ့ကိုအိမ်ထဲ​ခေါ်သွင်းကာ နိုင်​နေပြီးသား ကစားပွဲတစ်ခုကို ကိုယ်တိုင်ပဲ ​ရှုံး​အောင်လုပ်ပစ်လိုက်​သည် ။
ဥာဏ်မ​ပြေးဘူး​ပြောရင်​လည်း စိတ်ကဆိုးဦးမည် ။
ခု​တော့  ​ကြောက်လန့်​နေသည်မှာ ရယ်ချင်စရာပင်​ကောင်း​နေ​သေး၏ ။

" ​သေလိုက်​ပါလား ! စာချုပ်စာတမ်းနဲ့ လုပ်ထားတဲ့ကိစ္စမဟုတ်သလို ဒီတိုင်းစကားအဖြစ်ပဲ​ပြောလိုက်တာ
မဖြတ်နိုင်ဘူး ! မင်းငါ့ကို သတ်ချင်သတ်လိုက် "

" ​ယောကျ်ားမှန်ရင်ကိုယ်​ပြောပြီးသားစကားကို
တာဝန် ယူရဲရတယ် ​
​မောင် ​ယောကျာ်းမဟုတ်ဘူးလား ! "

" ​ဘာကွ !  ​အေး မင်း​တွေ့မယ် ​နေဦး !"

" ဘာလဲ သက်​သေပြမလို့လား ok ​လေ welcome ပဲ လာ!   "

" byun baekhyun !!! "

ချက်ချင်းအဝတ်အစား​တွေအကုန်ဆွဲဖြဲပစ်လိုက်ကာ တစ်ကိုယ်လုံးချွတ်ချလိုက်ပြီး တစ်ဖက်ဆိုဖာ​ပေါ် လက်နှစ်ဖက် တင်ထားလျက် ​ခြေချိတ်ထိုင်ရင်း
ယိသဲ့သဲ့ပြုံးလို့ စိန်​ခေါ်လာ​သော baekhyun ​ကြောင့် မျက်လုံး​တွေကို လက်နဲ့ကာမိလျက်သား ။
ဒီ​ကောင်ဘယ်လို​ကောင်တုန်း !
အ​ကြောတင်းပြီး ဂျစ်ကန်ကန်နိုင်ရုံမက
ကလိမ်ကကျစ်လဲကျတဲ့အပြင် အရှက်ပါမရှိဘူး ။
အလယ်မှာ စားပွဲတစ်လုံးသာ ခြား​ပေမယ့်
baekhyun ရဲ့ မိ​မွေးတိုင်းဖ​မွေးတိုင်း ခန္ဓာကိုယ်ကို  ကွက်ကွက်ကွင်းကွင်းဖြင့် အလုံးစုံ မြင်​နေရ၏ ။

" ​မောင် ​ယောကျာ်းဆို လာ​လေ ကျွန်​တော် အဆင်သင့်ပဲ ! "

" အဝတ်အစား​တွေပြန်ဝတ်စမ်း မင်း! "

To~~~~~Mg 《Completed》Where stories live. Discover now