21

1.6K 264 76
                                    

Unicode

" chanyeol မင်းမီးဖို​​ချောင်ကိုသွား
ချက်ဖို့ပြုတ်ဖို့သွားပြင်ဆင်ချည်
ငါ ​​ဗြောင်​လေးနဲ့ နှစ်​ယောက်တည်း စကား​ပြောချင်တယ် "

" ပါး  သားရှင်းပြ "

" ​နောက်မှရှင်းပြ ခုငါ​ပြောသလိုလုပ် သွား "

​မောင်ဟာ အန်ကယ့်ရဲ့ ​ပထုတ်ခြင်းခံလိုက်ရပြီး​နောက် မီး​ဖို​ချောင်ထဲသို့သာ စိတ်ပျက်လက်ပျက် ထသွား​လေသည် ။
သူ့ကိုတစ်ချက်​ဆွေကြည့်သွား​သေးသည်မို့ နှုတ်ခမ်းတွန့်ရုံပြုံးပြလိုက်​သည် ။  စိတ်ဆိုးသွားသည်လား​တော့မ​ပြောတတ်​ပါ​ပေ ။ သူဒီလိုချည်း ထုတ်​ပြောလိမ့်မယ်လို့ ​မောင်ထင်ထားမှာမဟုတ်​ချေ ။

" ​​ဗြောင်​လေး မင်း အန်ကယ့်ကို ဘာ​ပြောချင်လဲ
အရွယ်​ရောက်ပြီးသား လူငယ်နှစ်​ယောက်ရဲ့ အချစ်​ရေးကိစ္စမို့ အန်ကယ်က​တော့ ဝုန်းဒိုင်းကြဲပြီး ​ဆူဆဲတာမျိုးလုပ်မှာ မ​ဟုတ်ဘူး
အဲ့လို လုပ်လိုက်လို့လဲ ပြီးသွားမဲ့ကိစ္စမဟုတ်ဘူး
တစ်​ယောက်နဲ့တစ်​​ယောက် အမုန်း​တွေပွားပြီး ပြဿနာ​တွေဖြစ်လာရုံပဲရှိမယ် ၊
အန်ကယ်က လူကြီးတစ်​​ယောက်အ​နေနဲ့   ကြီးတဲ့အမှုငယ်​အောင် ငယ်တဲ့ အမှုပ​ပျောက်​အောင် ဆိုသလိုပဲ
​အေး​​အေးဆေး​ဆေး ​ဖြေရှင်းချင်တယ်
ဆို​တော့ ကဲ​ပြော  မင်းဘက်ကchanyeolနဲ့ပတ်သတ်ပြီး ​ဘယ်လို​တွေဆုံးဖြတ်ထားသလဲ ဘယ်လိုစိတ်ကူးနဲ့ လက်တွဲခဲ့သလဲ    "

အန်ကယ်ဟာ ​အေး​အေး​ဆေး​ဆေးဖြင့်ပင် သူ့ကို​မေးလာသည်မို့ အံ့သြမှု​ကြောင့်ချက်ခြင်းပြန်မ​ဖြေနိုင်​​ချေ ။
အနည်းဆုံး​တော့ ​မောင်​ရော သူပါ အထိုးခံရ​လောက်မည်ဟု ​တွေးထားမိခဲ့သည်ပင် ။ သို့​သော် အန်ကယ်က သူ​တွေးထားသလို ​ပေါက်ကွဲမသွားတာမို့
စိတ်သက်သာရာ ရသွားသလို အေးစက်​နေသာလက်တစ်စုံဟာလည်း ပြန်၍​နွေး​ထွေးသွား​သလိုခံစားရသည်။
ထို့​ကြောင့်တတ်နိုင်သမျှ စိတ်ကို​လျှော့ကာ အဆင်သင့်ပြင်ပြီးမှ ...

" ကျွန်​တော်က  အတိတ်မှာ ​ ​​​​ကောင်းမွန်တဲ့မိသားစုနဲ့​နေထိုင်ကြီးပြင်းလာခဲ့ရတာမဟုတ်ပါဘူး အန်ကယ်
ကျွန်​တော့်အရွယ်က​လေး​တွေ​ဆော့ကစား​နေတဲ့အချိန်မှာ
ကျွန်​တော်က​တော့ ကိုယ့်​ခြေ​ထောက်​ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ရုန်းကန်ခဲ့ရတယ် ​ပြေးလွှားခဲ့ရတယ်
​ပျော်ရွှင်မှုရဲ့အနှစ်သာရဟာ ဘယ်လိုအရာပါဆိုတာ​ကို​တောင် သိခွင့်မရှိခဲ့ဘူး

To~~~~~Mg 《Completed》Where stories live. Discover now