19

1.5K 250 83
                                    

Unicode

မြင်ရခဲသည့်အပြုံးနုနု ၊ ကြားရခဲ​သော စကားချိုချိုတို့​ကြောင့် နှလုံးသားတစ်ခုလုံး​ဗြောင်းဆန်​နေ​အောင် ခုန်လှုပ်​နေကာ ထွက်အန်ကျ​လာတော့မည့်အလား ၊
တစ်စုံတစ်ရာ တုံ့ပြန်နိုင်ဖို့ရာ အာ​စေးမိ​နေသည့်ပမာ
နှုတ်ခမ်းနှစ်လွှာမှာ လှုပ်ရှား၍ပင်မရ ။

" ​​မောင်.. "

ငြိမ်သက်​နေသည့်chanyeolအား baekhyun ညင်သာစွာ​ခေါ်လိုက်ကာ မျက်လုံးချင်းဆုံလိုက်သည် ။
ထို့​နောက်   လက်မနှင့် chanyeolပါးပြင်ကိုဖွဖွ​လေးပွတ်သပ်လျက်  လေး​နက်စွာဖြင့် ​ပြောလိုက်သည်။

" ချစ်တယ် " 

​မ​မျှော်လင့်ထားခဲ့​သော ဝန်ခံချက်​ကြောင့်  chanyeolတစ်ကိုယ်လုံး​​တောင့်တင်းသွား၏ ။
ထိုစကားသံဟာ ​နားထဲကျယ်​လောင်စွာမြည်ဟီးသွားပြီး ဦး​နှောက်ထဲဝယ်ပဲ့တင်ထပ်ကာ ထပ်ခါထပ်ခါ ကြား​ယောင်​နေသည် ။

ခွပ် !

" အ !  ဘာလုပ်တာလဲ "

" အိပ်မက်မဟုတ်ဘူး ​ကြောင်ကြည့်မ​နေနဲ့ 
ငုပ်တုတ်​သေသွားသလား​တောင် ​အောက်​မေ့ရတယ် "

ဘာမှလည်းပြန်မ​ပြော ၊ မျက်လုံးကြီးပြူးပြီးသာကြည့်​နေသည့် ​မောင့်​အား စိတ်မရှည်​တော့တာမို့ လက်သီးတစ်လုံးပစ်​ကျွေးလိုက်သည် ။
သူဘယ်​လောက်ထိ အားယူပြီး ဒီလိုစကား​တွေကို​ပြော​နေရသလဲ ၊  ​ ဒါကို ဒီလူက မလှုပ်မရှက်နဲ့!

" မင်းပါးစပ်က ဒါမျိုး​တွေထွက်​နေ​တော့ မအံ့သြပဲ​နေမလားဟ !  "

နှုတ်ခမ်းက​သွေးကိုသုတ်ရင်းမှ ပြန်​အော်လိုက်​သော chanyeol ​ကြောင့် baekhyun မျက်လုံး​တွေအ​ရောင်​ပြောင်းကာ ရဲရဲ​တောက်လာ၏ ။

" ကျွန်​တော် ဒီစကား​​တွေ​ပြောထွက်နိုင်ဖို့ လွယ်ကူတယ်လို့များ
​မောင် ထင်​နေတာလား !"

baekhyun က အံကိုကြိတ်ကာ လက်ကိုဆန့်တန်းလို့ လည်ပင်းကိုရွယ်လာသည်မို့ အလျင်အမြန် ဖမ်းဆုတ်လိုက်သည် ။ ​

"  ထစ်ခနဲရှိ  လက်ပါတာပဲ!
   ​  စိတ်​လျှော့စမ်းပါ Byun Baekhyun ရယ်  "

To~~~~~Mg 《Completed》Where stories live. Discover now