3.

2K 159 1
                                    


"ငါသွားပြီနော် အန်တီပြောတာတွေ နားမထောင်နဲ့ သူငယ်ချင်းအများကြီးရှာလာခဲ့ ညနေအတန်းပြီးရင်phဆက်... ငါလာကြိုမယ် ''

ကားထဲကနေ မမောမပန်းနိုင် မှာတမ်းခြွေနေသောမေဦးမိုးသည် ဒုတိယမာမီအလားပင်....။

"အေးပါ မေဦး ရယ် မသိရင် ငါ့အမေကျနေတာပဲ သွားသွား နင်လဲနောက်ကျနေမယ် ''

"Ok ဒါဆို... သွားပြီနော် တာ့တာ အာဘွား ''

"အင်း... တာ့တာ.... တာ့တာ ''

Fly kissတွေပါပေးပြီး မျက်နှာပြောင်သွားတဲ့ မေဦးမိုး ကိုရယ်လျက်သာကြည့်နေရတော့သည်။
မေဦးမိုး ကားလေး မောင်းထွက်သွားမှ ခေတ်ဦးမောင် လဲ စာသင်ရမယ့် Therater 1ကို လျှောက်လာခဲ့လိုက်တော့သည် ။

အင်း.....ခေတ်ဦးမောင်တယောက် ဆေးကျောင်းကိုပဲတက်ဖြစ်ခဲ့သည် ။ ဝါသနာမယ်မယ်ရရမရှိသောသူဆိုပေမယ့် ဘယ်နေရာရောက်ရောက် အကောင်းဆုံးလုပ်တတ်သောကြောင့် ထုံးစံအတိုင်းမာမီ့အလိုကျအတိုင်း ဆေးကျောင်းကိုရွေးချယ်ခဲ့ရသော်လည်း ထွေထွေထူးထူးအခက်အခဲမရှိလောက်မည်မှာသေချာသည် ။ မေဦးမိုးကတော့ tourist guideလုပ်ချင်သော သူ့၏ဝါသနာအတိုင်း နိုင်ငံခြားဘာသာ တက္ကသိုလ်အား တက်ရောက်ခဲ့သည် ။ တယောက်တနေရာစီဝေးနေပေမယ့် စိတ်ချင်းနီးနေဖို့သာအဓိကဟု နှစ်ယောက်လုံးကခံယူထားသောကြောင့်အရာရာအေးဆေးပင်ဖြစ်သည် ။

***************************************************

ခေတ်ဦးမောင် အခန်းထဲရောက်တော့ ကျောင်းသားတော်တော်များများပင် ရောက်နေကြလေပြီ ။ တယောက်နဲ့တယောက်မိတ်ဆွေဖွဲ့သံများ စကားသံများနှင့်ဆူညံနေသောအခန်းအား ဝေ့ဝဲကြည့်ကာ အနည်းငယ်ပင်စိတ်ရှုပ်သွားရသည် ။ ခေတ်ဦးမောင်သည် အတွေးသမားဖြစ်၍ အေးအေးဆေးဆေးနေတတ်သူပီပီ ဆူညံ၍ လူရှုပ်သောနေရာများကို သဘောမကျပေ ။ လူကြောက်တတ်၍မဟုတ်ဘဲ ဆူညံသောနေရာများကိုသဘောမကျခြင်းသာဖြစ်သည် ။
စိတ်ရှုပ်လာ၍ အလယ်၌စုကြုံ့တွန့်ချိုးသွားသော မျက်ခုံးတန်းထူထူနှစ်သွယ်မှာ မျက်နှာနုနုစင်စင်လေးပေါ်၌ လိုက်ဖက်ညီစွာရှိနေလျှက် ။ စိတ်အိုက်လာသောကြောင့် မိုးပြာရောင်ရှပ်လက်ရှည်အား လက်ခေါက်တင်လိုက်သောအခါ ပေါ်ထွက်လာသော လက်ဖျံတလျှောက်၌ သွေးကြောစိမ်းစိမ်းလေးများမှာလဲ ဖြူနုသောအသားအရေပေါ်၌ ပနံတင့်စွာရှိနေသည် ။ လှုပ်ရှားမှုတိုင်းအား ငေးကြည့်ချင်စရာကောင်းနေသောသူသည် ခေတ်ဦးမောင်တယောက်သာရှိလောက်မည်ထင်ပါသည် ။

Home In The Adin Garden(ဧဒင်ဥယျာဥ်ထဲကအိမ်ကလေး)CompletedWo Geschichten leben. Entdecke jetzt