10.

1.4K 117 1
                                    

(ဒီအပိုင်းမှာပါတဲ့ တချို့အသုံးအနှုန်းတွေက အနည်းငယ်ရိုင်းပြမှာမို့လို့ သည်းခံပြီးဖတ်ပေးကြပါ)

နေသားတကျဆိုတဲ့စကားအတိုင်း မေဦးမိုးမရှိတဲ့နေ့ရက်တွေကိုဖြတ်သန်းရတာ တစ်နှစ်တောင်ပြည့်တော့မည်ဖြစ်သည် ။
အစပိုင်းမှာအရမ်းပင်ပန်းခက်ခဲခဲ့ပေမယ့် အခုတော့ ပုံမှန်နေ့ရက်တွေကို ​ပုံမှန်ပဲဖြတ်သန်းဖြစ်တော့သည် ။
မေဦးမိုးကိုသတိမရဘူးလားဟုမေးရင် တိုက်ဆိုင်တဲ့အချိန်တွေ ၊ တိုက်ဆိုင်တဲ့နေရာတွေရောက်တိုင်း သတိရနေပါသေးသည် ။ ချစ်ခဲ့တာ ၁ရက် ၂ရက်မှမဟုတ်တာ ဘယ်လိုလုပ်အချိန်တိုလေးအတွင်းမေ့ပျောက်လို့ရနိုင်မည်နည်း ။
အချစ်ဦး ကို ရူးရင်တောင်မမေ့ဘူးတဲ့ အဟင်း....အဲ့လိုပဲပေါ့ မေဦးကို ရူးရင်တောင်မေ့နိုင်မည်မဟုတ်ပေ ။
မေဦးမိုးက အချစ်ဦးလဲ ဟုတ်တယ် အချစ်ဆုံးလဲဟုတ်တယ်...အင်း....အချစ်ဆုံးပါပဲ ငယ်ငယ်ထဲက ခုချိန်ထိ မေဦးမိုးလောက် ခေတ်ဦးမောင်အပေါ်နားလည်ပေးနိုင်တဲ့သူမှမရှိပဲ...။
မေဦးမိုးကလွဲရင် ခေတ်ဦးမောင်မှာ နောက်ထပ်ချစ်ရမယ့်သူထပ်ရှိလာမှာမဟုတ်တော့ဘူး...........။
အခုလဲအိမ်ချင်းနီးနေတော့ မေဦးက အိမ်ကိုအမြဲလာကာ မာမီ့ကိုဝင်နှုတ်ဆက်တတ်သည် ။ မျက်နှာချင်းဆိုင်တွေ့ရင် မေဦးမိုးကဘာမှမဖြစ်ခဲ့သလိုပြုံးပြနိုင်ပေမယ့် ခေတ်ဦးမောင်ကတော့ဟန်ဆောင်ပြီးတောင် မပြုံးပြနိုင်ပေ ။
မေဦးမိုး တခါပြုံးပြတိုင်း ရင်ဘက်ထဲကစူးအောင့်ပြီး သေလောက်အောင်နာကျင်သည် ။
အချိန်ဘယ်လောက်ကြာမှ မေဦးမိုးကိုမျက်နှာချင်းဆိုင်ပြီးပြန်ပြုံးပြနိုင်မလဲမသိပေ ။
တနေ့ပေါ့....အင်း...တနေ့နေ့တော့ မေဦးမိုးကို အရင်လို စိတ်လိုလက်ရပြန်ပြုံးပြနိုင်မှာပါ...အဲ့တနေ့နေ့မရောက်ခင် အခုတော့ မေဦးမိုးနှင့်ဝေးရာကိုထွက်သွားမှဖြစ်မည်.....။ မေဦးမိုးက ဘယ်လောက်ပင်မျက်နှာပြောင်တိုက်နေပါစေဦး ခေတ်ဦးမောင်ကတော့ တခါသေဖူး ပျဥ်ဖိုးနားလည်ဆိုတဲ့အတိုင်း ​အနာဟောင်းမကျက်သေးသောကြောင့် မျက်နှာချင်းမဆိုင်နိုင်သေးပေ ။
ထို့ကြောင့်သူထွက်သွားမှရမည်ဟုတွေးကာ မာမီ့ကိုခွင့်တောင်းပြီး တယောက်ထဲသပ်သပ်နေဖို့ပြောကြည့်ရမည်ဖြစ်သည် ။

Home In The Adin Garden(ဧဒင်ဥယျာဥ်ထဲကအိမ်ကလေး)CompletedOpowieści tętniące życiem. Odkryj je teraz