15.

1.1K 101 3
                                    


ဧဒင် ဒီနေ့သွားစရာရှိသောကြောင့် ခေတ်ဦးမောင်ထက်ပင်အရင်စောထွက်လာခဲ့သည် ။ ဧဒင်က music club၏ singerတယောက်ဖြစ်သောကြောင့် guitarကောင်းကောင်းတစ်လက်လိုအပ်၍ ဂစ်တာဝယ်ရန်ထွက်လာခြင်းဖြစ်သည် ။ ဧဒင်တို့ music clubက guitarတီးလည်းသင်ပေးသောကြောင့် ဧဒင်ပါ တခါတလေ ဝင်ပြီးသင်ပေးရတတ်သည် ။
Taxiဖြင့်သာသွားမည်ဟုစဥ်းစားလိုက်ကာ ကျောင်းရှေ့၌taxiငှားရန်စောင့်နေစဥ် မိမိအရှေ့သို့ထိုးရပ်လာသော  Rav4ခဲရောင်တစ်စီးကြောင့် အနောက်သို့ အနည်းငယ်ရို့လိုက်မိသည် ။

"အကို....အကို....''

ကားမှန်အားချပြီး ကောင်လေးတစ်ယောက်ခေါင်းပြူထွက်လာကာ မိမိအားခေါ်နေသောကြောင့် ဧဒင်လည်း ဘာကိစ္စလဲဟူသောပုံစံဖြင့် မေးဆက်ပြလိုက်သည် ။
မျက်နှာဝိုင်းဝိုင်း ၊ နှာတံလုံးလုံး ၊ ဆေးမကူဘဲ နဂိုနီရဲနေသောနှုတ်ခမ်းပါးလေးနှင့် ဆံပင်အညိုရောင်အုပ်အုပ်လေးကို နှဖူးပေါ်၌ဝဲနေအောင်ချထားကာ ပါးတစ်ဖက်၌ ပါးချိုင့်ကိုခွက်ဝင်နေအောင်ပြုံးပြနေသော ထိုကောင်လေးသည် အတော်ပင်လှသောကြောင့် ရုတ်တရက်ကြည့်လျှင် tomboyလေးနှင့်ပင် တူသည် ။ ထိုကောင်လေးက မိမိအား သိနေသလိုပုံစံဖြင့်ပြုံးပြနေသောကြောင့် ဧဒင်လည်း ယောင်ယောင်နနဖြင့် ပြန်ပြုံးလိုက်သည် ။ ဧဒင်သည် ထိုကောင်လေးအား တစ်နေရာရာ၌ မြင်ဖူးသလိုလိုရှိနေသောကြောင့် စဥ်းစားနေရသည် ။

မိမိအားမမှတ်မိ၍ စဥ်းစားရကြပ်နေသော အကို့ပုံစံကြောင့် စေရာမိုး နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည် ။

"အကို.....ကျွန်တော့်ကိုမမှတ်မိဘူးလား....''

ဧဒင်လည်း မိမိအရှေ့ကပါးချိုင့်​လေးခွက်နေအောင် ပြုံးပြနေသော ကောင်လေးအား အားနာသလိုပင်ပြန်ကြည့်ကာ...

"ဟို..sorry. ...ညီ...အကို မမှတ်မိဘူး......''

"အာ....ကျွန်တော်က ခေတ်ရဲ့သူငယ်ချင်းလေ ကျောင်းစတက်တဲ့နေ့ကတစ်ယောက်....''

စေရာပြောလိုက်မှမှတ်မိတဲ့ပုံပေါက်ကာ...

"သြော် သိပြီ.....အမောင့်သူငယ်ချင်းပဲ....ဒါနဲ့ ဘာကိစ္စရှိလို့လဲ...ညီ''

Home In The Adin Garden(ဧဒင်ဥယျာဥ်ထဲကအိမ်ကလေး)CompletedDonde viven las historias. Descúbrelo ahora