19.

1.1K 101 3
                                    


ခေတ်ဦးမောင်နှင့်ပြဿနာဖြစ်ပြီးနောက်နေ့ ဧဒင်တစ်ယောက် အာကာနှင့်သုတတို့တိုက်ခန်း၌သာ သောင်တင်နေသည် ။
ပြဿနာဖြစ်သည့်အကြောင်းကိုပြောပြတော့ အထိုးခံရတာတောင်နည်းသေးသည်ဟု ချီးကျူးထောပနာပြုကြသည်ကို ဧဒင်ပြန်မချေပနေတော့ ။
ဒီကောင်တွေက အချစ်ကိုမသိတဲ့ကောင်တွေ ။
အချစ်မရှိတဲ့ကောင်တွေကို ပြန်ပြောမနေတော့ဘဲ တစ်ယောက်ထဲသာ ကျိတ်ခံစားနေမိသည် ။
ခေတ်ဦးမောင်ကို မရင်ဆိုင်နိုင်သောကြောင့် ကျောင်းလည်းမတက်ဘဲ တမှိုင်မှိုင်တတွေတွေဖြစ်နေသည် ။
ခေတ်ဦးမောင်က ဘာဖြစ်လို့နမ်းတာလဲဟု မေးလာခဲ့လျှင် ဖြေစရာအဖြေရှိသော်လည်း မဖြေရဲပေ ။
ဖွင့်ပြောလိုက်မှ သူငယ်ချင်းသံယောဇဥ်ပါပျက်၍ မုန်းသွားမည်ကိုမလိုလားပေ ။
အာကာနှင့်သုတ တို့ကျောင်းကပြန်လာလျှင် ခေတ်ဦးမောင်အကြောင်းမေးရသည်မှာ ဧဒင်မင်းသူ၏ တာဝန်တရပ်ဖြစ်လာခဲ့သည် ။

"မင်းသူ မင်းရုပ်မင်း မှန်ထဲထကြည့်ပါဦး သေတော့မယ့်ရုပ်နဲ့...လဒ''

အာကာဆိုတဲ့ကောင်က စကားကိုဘယ်တော့မှအကောင်းမပြောပေ ။ အာကာ့စကားကိုပြန်ချေပမနေဘဲ gameဆော့၍သာ ပေပေတေတေဆက်နေမိသည် ။

"ဒီနေ့ ခေတ်ဦးမောင်တောင် မင်းကိုမေးနေသေးတယ် ''

နေသုတစကားကြောင့် ဧဒင် လှုပ်လှုပ်ရှားရှားဖြစ်ကာ ကုတင်ပေါ်မှထထိုင်မိသည် ။

"ဘာမေးတာလဲ...ဟင်...မြန်မြန်ပြောစမ်းပါကွာ အမောင် ငါ့ကိုဘာမေးတာလဲလို့....''

"ခုနကျ သေတော့မယ့်ရုပ်နဲ့ အခုကျ ချက်ချင်း လင်ထယူမယ့်ရုပ်နဲ့ အမျိုးမျိုးတက်နိုင်တဲ့အကောင်...''

အာကာက ပျစ်ပျစ်နှစ်နှစ် နှိပ်ကွပ်နေသော်လည်း ဧဒင်မင်းသူ အရေးမစိုက်အားသေးပေ ။
သုတပြောလာမည်ကိုသာ စောင့်နေမိသည် ။

"မင်းကျောင်းမတက်လို့လေ ဘာလို့မတက်တာလဲမေးနေတာ...ငါကမသိဘူးလို့ပဲပြောလိုက်တယ်...''

ခေတ်ဦးမောင်က မိမိအား မေးနေသည်ဆိုသောကြောင့် ဧဒင် ပျော်နေမိသည် ။
ထို့ကြောင့် ခေတ်ဦးမောင်အား တောင်းပန်ကာ ဖွင့်ပြောတော့မည်ဟု ဆုံးဖြတ်လိုက်သည် ။
ဧဒင် သရဲဘောကြောင်သည့်သူမျိုးမဖြစ်ချင်တော့ပေ ။
.
.
.
.
.
.
ဧဒင်မင်းသူတစ်ယောက် ကျောင်းကို အစောကြီးရောက်နေကာ ခေတ်ဦးမောင်အလာကိုစောင့်နေမိသည် ။
သို့သော် ကျောင်းတက်ချိန်အထိ ခေတ်ဦးမောင်ရောက်မလာသေးသောကြောင့် ဧဒင် အနည်းငယ်တော့ စိတ်ပူမိသည် ။
Phဆက်သင့် ၊ မဆက်သင့်စဥ်းစားပြီးမှ ဆက်မည်ဟုဆိုကာ phနံပါတ်နှိပ်နေစဥ်

Home In The Adin Garden(ဧဒင်ဥယျာဥ်ထဲကအိမ်ကလေး)CompletedWhere stories live. Discover now