ရာသီအလီလီပြောင်း၍ သူငယ်ချင်း ဟူသောအဖြူရောင်စည်းအား အရောင်ဆိုးကြသောသူများထဲ၌ ခေတ်ဦးမောင် နှင့် မေဦးမိုးတို့သည်လဲ အဖြူရောင်သံယောဇဥ်အား အရောင်ဆိုးခဲ့ကြပေသည် ။
မိတ်ကပ်မထူမပါးအမြဲလိမ်းတတ်သော မေဦးမိုး၏ မျက်နှာဝိုင်းဝိုင်းလေး ၊
ရယ်လိုက်တိုင်းပိတ်ပိတ်ကျသွားတတ်သော မျက်လုံးမှေးမှေးကျဥ်းကျဥ်းလေး ၊
စေရာမိုးနှင့် ရန်ဖြစ်တိုင်းမနိုင်လျှင် မိမိဆီ ငိုငိုပြီးရောက်လာတတ်သော ဂျစ်တစ်တစ်ကောင်မလေးအား ခေတ်ဦးမောင် သဘောကျသည် ။
အစပ်ကြိုက်သောကောင်မလေး၏ စပ်လွန်းသောကြောင့် နီရဲလာသော နှုတ်ခမ်းဖူးဖူးလေးနှင့်
ပုခုံးအထက်၌ဝဲကျနေသော ဂုတ်ဝဲဆံပင်လေးများအားလဲ တယုတယနမ်းရှိုက်ဖို့ရာ သဘောကျပါသည် ။
ခေတ်ဦးမောင်သည် မေဦးမိုး၏ အရာအားလုံးအားသဘောကျသည် ။
မေဦးမိုးသည် လွတ်လပ်စွာရွေ့လျားနေသော တိမ်တိုက်နှင့်တူသည်။
မေဦးမိုး၏ အလှအပများထက် လွတ်လပ်ပေါ့ပါး၍ မိန်းမ, မဆန်သော မေဦးမိုး၏ ခပ်သော့သော့၊ ခပ်ဂျစ်ဂျစ် အပြုအမူလေးများသည် ခေတ်ဦးမောင် သဘောအကျဆုံးအရာဖြစ်သည် ။ခေတ်ဦးမောင် နှင့် မေဦးမိုးတို့ချစ်သူစဖြစ်သည့်အချိန်သည် အခြားသူများကဲ့သို့ ကဗျာမဆန်ပေ ။
တခုသောနွေရာသီညနေပိုင်းအချိန်၌ ခေတ်ဦးမောင်သည် မေဦးမိုးနှင့် စေရာမိုးတို့နှစ်ယောက်နှင့်အတူ လမ်းလျှောက်ထွက်ခဲ့ကြသည် ။
ထိုစဥ် ထုံးစံအတိုင်း စေရာမိုးသည် မေဦးမိုး၏ ခေါင်းအား ,အားနဲ့ရိုက်ချကာ ထွက်ပြေးသောကြောင့် မေဦးမိုးသည် သူ(မ)၏မောင်အား စိတ်တိုစွာဖြင့် လိုက်ရိုက်တော့သည် ။"စေရာ့ ငါက နင့်ထက်အကြီးနော် ခေါင်းကို ရိုက်စရာလား...နင်မိလို့ကတော့အသေပဲနော် ကောင်စုတ် မပြေးနဲ့.....''
"မကြောက်တာ ၁၂ခါ....၁မိနစ်လေးစောမွေးတာကို အကြီးဖြစ်ချင်သေး..... ငါ့ကိုမှီအောင်သာ အရင်လိုက်စမ်းပါ အရူးမရယ်..''
"အေး ဒီနေ့မှနင့်ကိုမသတ်ရရင် ငါမေဦးမိုး မဟုတ်တော့ဘူး..''
"အေးလေ နင်ကဘယ်သူလဲ ဘာလို့ငါ့ကိုလိုက်ရိုက်နေတာလဲ..''
"ကောင်စုတ် သေဖို့သာ ပြင်ထား...''
VOCÊ ESTÁ LENDO
Home In The Adin Garden(ဧဒင်ဥယျာဥ်ထဲကအိမ်ကလေး)Completed
Romanceအိမ်ဆိုတာ နွေးထွေးလုံခြုံမှုပေးတဲ့နေရာတခုတဲ့..... ✨ What if home is a person...... Start date - 17 August 2021 End date -8 September 2021