ဧဒင်တစ်ယောက် စာကျက်ရတာနှင့် ground showအတွက် ကြီးကြပ်နေရသည်များနှင့်အလုပ်ရှုပ်နေသောကြောင့် အသံစစ်တဲ့နေ့ပြီးထဲက ခေတ်ဦးမောင်နှင့်ပင်စကားသိပ်မပြောဖြစ်ပေ ။
ပျော်ပွဲရွှင်ပွဲပြီးရင် စာမေးပွဲလာတော့မည်ဖြစ်သောကြောင့် ၂ခုစလုံးအား မလစ်လပ်ရန် ဧဒင်ကြိုးပမ်းနေရသည် ။"ခေတ် ဒီနေ့လာကြည့်မှာမလား....''
ဧဒင်ပြောတော့ ခေတ်ဦးမောင်ကphကြည့်နေရင်းမှ ပြန်ဖြေလေသည်..။
"အင်း...လာမှာလေ....ဒါပေမယ့် နည်းနည်းနောက်ကျမှာ ငါ မေဦးကို သွားခေါ်ရဦးမယ် ပြီးမှလာခဲ့မယ်...''
"သြော်.....''
ဧဒင် 'သြော်'လို့ပြောပြီး ဘာမှဆက်မပြောတော့...။
တစ်ခါတလေ ခေတ်ဦးမောင်ကို ဧဒင် နားမလည်ပေ ။
မိမိနှင့်အဆင်ပြေတော့မည်ဟုထင်ခဲ့သော်လည်း မေဦးမိုးနှင့်အဆက်အသွယ်ရှိနေသေးသည့်ခေတ်ဦးမောင်ကို ဧဒင်တကယ်နားမလည်နိုင်တော့ပေ ။
ယောင်္ကျားလေးလည်းသဝန်တိုခွင့်ရှိသည်ပဲ ။
သို့သော် မိန်းကလေးတစ်ယောက်နှင့်ပြိုင်လုနေရသည့် မိမိအဖြစ်အား ဧဒင် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိသည်မှာ အမှန်ပင် ။ဧဒင့်ဘက်က အသံအတော်ကြာတိတ်သွားတော့မှ ခေတ်ဦးမောင်ကမော့ကြည့်ကာစကားပြန်စသည်..။
"မင်းရော သီချင်းဆိုမှာလား....''
"အင်း...ဆိုဖြစ်မယ်ထင်တယ် ဒါပေမယ့် တခြားသူတွေက အချိန်အရမ်းကြာသွားရင်တော့ မဆိုဖြစ်လောက်တော့ဘူး.....''
"အင်း...ဒါဆို ငါလာအားပေးမယ်....''
"Ok ok...ဒါဆို ကိုယ်အရင်သွားနှင့်မယ်နော်....''
ခေတ်ဦးမောင်အားပြောကာ အပြင်ထွက်မည်အပြုမှ ဧဒင်က တခုခုသတိရဟန်ဖြင့်
"အမောင်...အခုတလောကိုယ်မအားတာနဲ့ မင်းကို မေးဖို့မေ့နေတာ...အသံစစ်တဲ့နေ့က ဘာလို့အရင်ပြန်သွားတာလဲ ကိုယ်phခေါ်နေတာလဲမကိုင်ဘူး...''
ဧဒင်မေးလာတော့ ခေတ်ဦးမောင်ဘာပြန်ပြောရမှန်းမသိ ။
မင်းကြောင့်ပြန်သွားတယ်လို့ပြောရမလား ၊ ငါ့စိတ်ငါဝေခွဲမရလို့ပြန်သွားတယ်ပြောရမလား ၊ ဘယ်လိုပြောရမှန်းမသိဘဲ ခေတ်ဦးမောင် အကြံအိုက်နေသည် ။
YOU ARE READING
Home In The Adin Garden(ဧဒင်ဥယျာဥ်ထဲကအိမ်ကလေး)Completed
Romanceအိမ်ဆိုတာ နွေးထွေးလုံခြုံမှုပေးတဲ့နေရာတခုတဲ့..... ✨ What if home is a person...... Start date - 17 August 2021 End date -8 September 2021