"ဖယ်! မင်း ငါ့ကိုအခုလွှတ်နော် ''နံရံကိုလက်သီးနှင့်ထိုးကာ ဒေါသထွက်နေသောခေတ်ဦးမောင်အား ဧဒင် ခါးမှဖက်၍ အမြန်ဆွဲထားရသည် ။
ခန္ဓာကိုယ်ချင်းသိပ်မကွာသောကြောင့် ခေတ်ဦးမောင်အတင်းရုန်းနေသည်ကို ဧဒင်မနည်းဆွဲထားနေ ရသည် ။"ဘာလို့ ဒေါသတွေအရမ်းကြီးနေတာလဲ အမောင်ရယ် ၊ စိတ်လျှော့ပါဦး ''
ဧဒင်မင်းသူကပြေရာပြေကြောင်းပြောသော်လည်း ခေတ်ဦးမောင်ကပိုဒေါသထွက်သွားဟန် နံရံကိုထိုးနေတာရပ်ပြီး ဧဒင့်ဘက်လှည့်ကာ ဧဒင့် အင်္ကျီကော်လံစအား လက်နှစ်ဖက်ဖြင့် ဆောင့်ဆွဲကာ
"ဘာ! ငါ့ကိုစိတ်လာလျှော့ခိုင်းနေသေးတယ် ၊ ဒေါသထွက်အောင်လုပ်တာဘယ်သူလဲ! "
"ဟုတ်တယ် ကိုယ်ပါ ၊ ကိုယ့်အမှားမို့လို့ ၊ နံရံကိုမထိုးဘဲ ကိုယ့်ကိုပဲစိတ်ကြိုက်ထိုးနော် ၊ စိတ်ကြိုက်ထိုးပြီးရင် ကိုယ်ရှင်းပြတာခဏနားထောင်ပါဦး ''
ပြောကာ သူ့မျက်နှာပေါ်သို့ မိမိလက်အားယူ၍ ထိုးခိုင်းနေသော ဧဒင့်ကြောင့် ခေတ်ဦးမောင်ပို၍ပို၍ပင်စိတ်တိုလာသည် ။
သူ့ကိုမထိုးရက်လို့ နံရံကိုထိုးနေတာကို ဒီမိကျောင်းသားက စကားလာရှည်နေတာပဲ ။
ခေတ်ဦးမောင်လည်း စိတ်တိုတိုနှင့် ဧဒင့်မင်းသူ ညို့သကျည်းကို အားဖြင့် တစ်ချက်ပိတ်ကန်လိုက်လေသည် ။
အတော်ပင်နာသွားပုံရသော ဧဒင်မင်းသူက ခြေထောက်ထော့နဲ့ထော့နဲ့ဖြစ်နေသော်လည်း မိမိအား ရယ်ပြနေသေးသောကြောင့် ခေတ်ဦးမောင် တကယ်ပင် ဧဒင့်အား အမြင်ကပ်လာတော့သည် ။"အာ့! စိတ်ပြေပြီလားဟင် ၊ အမောင်စိတ်မပြေသေးရင် ထပ်ကန်လို့ရတယ် ၊ ပြီးရင်တော့ ကိုယ်ရှင်းပြတာလေးနားထောင်ပေးနော် ''
ရှုံ့မဲ့နေသောဧဒင့်မျက်နှာကြောင့် မိမိကန်ချက်ပြင်းသွားမှန်းသိ၍ ဧဒင့်အား အနည်းငယ်သနားသွားရတော့သည် ။
*ကျစ် ဒီကောင်ကသူ့ကိုစိတ်ပျော့အောင်အမြဲလုပ်နေတာပဲ *
"အေး မင်းရှင်းပြတာကစောက်တလွဲဆို ဒီ့ထက်နှစ်ဆပိုနာမယ်နော်''
YOU ARE READING
Home In The Adin Garden(ဧဒင်ဥယျာဥ်ထဲကအိမ်ကလေး)Completed
Romanceအိမ်ဆိုတာ နွေးထွေးလုံခြုံမှုပေးတဲ့နေရာတခုတဲ့..... ✨ What if home is a person...... Start date - 17 August 2021 End date -8 September 2021