အခုတလော ဧဒင်နှင့် ခေတ်ဦးမောင် စကားသေချာမပြောဖြစ်ကြပေ ။
ကျောင်းလဲအတူတူမသွားဖြစ်တာကြာပြီဖြစ်သည် ။ ဧဒင်နိုးလာသည့်အချိန်တိုင်း ခေတ်ဦးမောင်ကကျောင်းအရင်သွားနှင့်တတ်သည် ။
အတန်းခဏခဏပျက်နေသော ခေတ်ဦးမောင်ကြောင့် roll callမပြည့်မှာစိုးရိမ်နေရသည် ။
အတန်းတက်သည့်နေ့များ၌လည်း အတန်းချိန်များပျက်ကာ ခဏခဏပျောက်သွားတတ်သော ခေတ်ဦးမောင်ကြောင့် ဧဒင်တကယ်ပင် စိတ်ပူနေမိသည် ။
အခန်းပြန်ရောက်လို့ မျက်နှာအရိပ်အကဲကိုကြည့်မိတော့လည်း ပုံမှန်ပဲဖြစ်သောကြောင့် ခေတ်ဦးမောင်၏ family case ဟုသာ ဧဒင် စိတ်ထဲ၌ထင်လိုက်သည် ။
သို့သော် ကျောင်းပျက်သည့်ကိစ္စကိုတော့ ပြောဖြစ်အောင်ပြောမည်ဟု ဧဒင် စိတ်ထဲ၌တေးထားလိုက်သည် ။ဒီနေ့လည်း ခေတ်ဦးမောင်မပါဘဲ ဧဒင်တစ်ယောက်ထဲ ကျောင်းသို့လျှောက်လာခဲ့သည် ။
Phကိုသာငုံ့ကြည့်၍ လမ်းလျှောက်နေသောကြောင့်ရှေ့၌ ဘယ်သူဘယ်ဝါလာနေလဲ ဧဒင်မသိပေ ။
ထို့နောက်မိမိရှေ့၌ပိတ်ရပ်လာသော တစုံတယောက်ကြောင့် ဧဒင်ခြေလှမ်းများရပ်ကာ ကြည့်လိုက်သည် ။"Hi အကို...''
ပါးချိုင့်လေးခွက်ဝင်အောင်ပြုံးပြနေသော ကောင်လေးတစ်ယောက်
"သြော် ညီ....''
ကောင်လေးကနှုတ်ဆက်နေသောကြောင့် ဧဒင်လည်း နှုတ်ခမ်းစွန်းတဖက်မျှကော့တက်ပြီး မူပိုင်အပြုံးနဲ့ပြန်ပြုံးပြလိုက်သည် ။
"အကို တယောက်ထဲလား....ခေတ် ရောမပါဘူးလား??''
"သြော် ဟုတ်တယ် အမောင်က ကျောင်းသွားတာစောတယ်..''
"သြော် ဒါဆို ခေတ်နဲ့ မေဦးတွေ့နေတာထင်တယ်''
စေရာမိုးက တကိုယ်ထဲတီးတိုးရေရွတ်လိုက်ပေမယ့် ဧဒင်က ကြားဖြစ်အောင်ကြားလိုက်သည် ။
"ဘာ....ညီ...ဘာပြောလိုက်တာလဲ...''
"သြော် အကိုမသိသေးဘူးလား....ခေတ် နဲ့ကျွန်တော့်အမပြန်တွဲနေတာလေ....အတွဲတွေကဒီလိုပါပဲ ပြတ်လိုက်ဆက်လိုက်နဲ့...''
စေရာမိုးက ပြုံးရယ်ပြီးပြောပြနေပေမဲ့ အရှေ့က ဧဒင်ကတော့ မရယ်ပြုံးနိုင်ပေ ။
စေရာမိုးရှေ့၌ ဟန်မဆောင်နိုင်စွာပင် မျက်နှာပျက်မိသည် ။
ကိုယ်ကတော့အကြောင်းမသိဘဲစိတ်ပူနေရတာ ကိုယ်ချစ်ရသူက သူ့ချစ်သူနဲ့ပျော်နေတယ်ဆိုတဲ့စကားကိုကြားလိုက်ရတော့ ဧဒင်မင်းသူ ရင်တခုလုံးနာကျင်လာရသည် ။
YOU ARE READING
Home In The Adin Garden(ဧဒင်ဥယျာဥ်ထဲကအိမ်ကလေး)Completed
Romanceအိမ်ဆိုတာ နွေးထွေးလုံခြုံမှုပေးတဲ့နေရာတခုတဲ့..... ✨ What if home is a person...... Start date - 17 August 2021 End date -8 September 2021