25.

1.2K 97 10
                                    


စာမေးပွဲပြီးဆုံးသွား၍ အာကာနှင့်သုတတို့ စာမေးပွဲခန်းထဲမှ စကားတပြောပြောနှင့်ထွက်လာခဲ့ကြသည် ။
အခန်းရှေ့ရောက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းက နှစ်ယောက်လုံးကို ကျက်သေ သေသွားစေသည် ။
ခေတ်ဦးမောင်နှင့် ဧဒင်မင်းသူက လက်ချင်းယှက်၍ တစ်ယောက်နှင့်တစ်ယောက် ရွှန်းရွှန်းစားစားကြည့်နေကြသည်တဲ့လေ ။
ကိုယ့်မျက်လုံးကိုယ်မယုံနိုင်သောကြောင့် မျက်လုံးကိုအထပ်ထပ်အခါခါပွတ်ကြည့်ကြသော်လည်း ထိုအတိုင်းပင်ဖြစ်သော်ကြောင့် အာကာနှင့် နေသုတတို့ ကြောင်ကြည့်နေမိကြသည် ။

"ဟေ့ကောင်တွေဘာကြည့်နေတာလဲ ၊ ခေါ်နေတာကြာနေပြီကို ''

ဧဒင်မင်းသူက စကားစပြောတော့မှ နှစ်ယောက်လုံးသတိပြန်ဝင်လာကြသည် ။

"ဟမ် မင်း မင်းတို့ ဘယ်လိုဖြစ်လာကြတာလဲ ၊ လက်ကဘာလို့တွဲထားတာလဲ ''

စကားတွေပင်ထစ်ကာပြောနေသော အာကာအမေးအား ခေတ်ဦးမောင်က တိုက်ပွဲတွင်အောင်နိုင်လာသော စစ်သူကြီးအပြုံးနှင့်ပြုံးပြ၍ လက်ချင်းယှက်ထားသော သူတို့လက်နှစ်ဖက်အား မြှောက်ပြကာဖြင့်

"မြင်တဲ့အတိုင်းပဲလေ ၊ ဧဒင်မင်းသူကငါ့ကောင်လေး ၊ ငါကဧဒင့်ကောင်လေး ''

"Oh my god!!!! "

နေသုတ ဘုရားတမိသည် ။ ခေတ်ဦးမောင်အား အနေအေးသည်ဟုထင်ခဲ့သော မိမိအတွေးများအား နေသုတဖြတ်ရိုက်ချင်မိသည် ။
မိမိရှေ့ရှိ တက်ကြွနေသော ခေတ်ဦးမောင်သည် လူစားထိုးခံလိုက်ရပြီလားဟု နေသုတ တကယ်ပင်အံ့သြနေမိသည် ။
အာကာကတော့ ဘာမှမပြောနိုင်ဘဲ ကြောင်တောင်တောင်ဖြစ်နေသည် ။

"အာ မယုံကြဘူးထင်တယ် ဧဒင် အင့်.... ''

ပြောကာ ဧဒင်ဘက်လှည့်၍ ခေါင်းကိုမော့ကာ ပါးတစ်ဖက်စောင်းပေးလာသော ခေတ်ဦးမောင်ကြောင့် အာကာနှင့်သုတ ပါမက ဧဒင်မင်းသူပါကြောင်နေမိသည် ။

*ဒါဘယ်လိုအပြုအမူပါလိမ့် ၊ အမောင်တကယ်ဘဲလူစားထိုးခံလိုက်ရတာလား ၊ မေ့လဲတုန်းက ခေါင်းများထိသွားတာလား *

အတွေးများနေသော ဧဒင်မင်းသူအား ခေတ်ဦးမောင်စိတ်မရှည်တော့ဘဲ နရင်းရိုက်ချလိုက်သည် ။

Home In The Adin Garden(ဧဒင်ဥယျာဥ်ထဲကအိမ်ကလေး)CompletedWhere stories live. Discover now