35.

1.2K 85 1
                                    


အင်္ဂလန်နိုင်ငံ၏ နာမည်ကြီးဆေးရုံကြီးများထဲမှ တစ်ခုဖြစ်သော St.George ဆေးရုံကြီး၏ emergency ward(အရေးပေါ်ဌာန)၌ အရေးပေါ်လူနာများဖြင့် ပြည့်ကြပ်နေလျက်ရှိသည် ။
ဆေးရုံသည် လူအများမစုဝေးသင့်သောနေရာတစ်ခုဖြစ်ပေမဲ့ ဥဒဟိုဝင်ထွက်သွားလာနေသော လူများနှင့် ဆေးရုံအဝင်ဝ၌ ရှုပ်ယှက်ခက်နေသည် ။

St. Georgeဆေးရုံကြီး၏ မျက်နှာချင်းဆိုင်၌ ဆရာဝန်များ ၊ ဆေးကျောင်းသားများ ငှားရမ်းနေထိုင်ရာ Students' apartment တစ်ခုရှိလေသည် ။
Students' apartment၏ ဒုတိယထပ်ရှိ အခန်းတစ်ခန်း၏ ပြတင်းပေါက်မှတစ်ဆင့် ဆေးရုံကြီးသို့ဝင်ထွက်နေကြသော အရွယ်စုံလူများအား ကော်ဖီတစ်ခွက်သောက်၍ ခေတ်ဦးမောင် ရပ်ကြည့်နေမိသည် ။

နေ့စဥ်တွေ့မြင်နေကျ မြင်ကွင်းဖြစ်သော်လည်း မရိုးနိုင်ဘဲ St.George ဆေးရုံကြီး၏ ခံ့ညားထည်ဝါမှုတို့ကို တစိမ့်စိမ့်ကြည့်ကာ ကော်ဖီတစ်ခွက်နှင့်အတူ အရသာခံနေသည် ။

အင်္ဂလန်ရောက်ရောက်ချင်း St.George ဆေးရုံကြီး၏ OG ward၌ ခေတ်ဦးမောင် စာသင်ရင်း အလုပ်လုပ်ရလေသည် ။
ဒီနေ့က သူ့ရဲ့ duty off dayဖြစ်တာမို့ ယခုလို မနက်ခင်းနေရောင်ဖြဖြလင်းနေသော အချိန်၌ ကော်ဖီတစ်ခွက်ကိုဇိမ်ခံသောက်နေခြင်းဖြစ်သည် ။
နေ့စဥ်ဓူဝများပြားလှသော အလုပ်များ ၊ ကျောင်းသင်ခန်းစာများနှင့် ရှုပ်ယှက်ခက်နေသောကြောင့် နားချိန်ရသောရက်များ၌ ခေတ်ဦးမောင် အပြည့်အဝ အနားယူလေ့ရှိသည် ။

ခမ်းနားထည်ဝါလှသော နာမည်ကြီးဆေးရုံ၌ အလုပ်လုပ်ရသည့်အပြင် လစာကောင်းကောင်းရသောကြောင့် ငွေကိုရေလိုသုံးစွဲနိုင်လေသည် ။
နေထိုင်မှုအဆင့်အတန်းမြင့်မားသောနိုင်ငံဖြစ်တာမို့ မိမိနေထိုင်ရာ apartment သည်လည်း 4 stars hotelအဆင့်ရှိသည် ။

ယခုလို duty offသောရက်များ၏ နေ့ခင်းဘက်များတွင် ပျင်းလာလျှင် London eyeသို့သွားရောက်၍ ရှုခင်းများကိုကြည့်လေ့ရှိသည် ။

အလုပ်ကြောင့် လူပင်ပန်း ၊ စိတ်ပင်ပန်းရှိရသည့်ရက်များတွင်တော့ ပထမဆုံးလစာရသောအချိန်က ဝယ်ထားသော 2018 Chevrolet Malibu ခဲရောင်ကားလေးဖြင့် night drivingလုပ်ကာ အပန်းဖြေလေ့ရှိသည် ။
ကားလျှောက်မောင်း၍ ပျင်းလာလျှင် Tower bridgeသို့သွားကာ ဝိုင်ကိုပုလင်းလိုက်မော့၍ londonမြို့၏ ညဘက်ရှုခင်းကိုကြည့်တတ်သေးသည် ။

Home In The Adin Garden(ဧဒင်ဥယျာဥ်ထဲကအိမ်ကလေး)CompletedWhere stories live. Discover now