I Lost My Love ep2

873 63 4
                                    

   Zawgyi

      ရူးနေတဲ့ဇာတ်ကောင်

ဝမ်ရိပေါ်အခန်းထဲမှာမတည်မငြိမ်ဖြင့် လမ်းလျှောက်နေ
မိသည်

*ဇာတ်လိုက်အစားငါ့ကိုထိုးကြွေးရင် ဘယ်လိုလုပ်မလဲ ဒါမှမဟုတ် နောက်ဆုံးခန်းထိမရောက်ပဲ ငါသေသွားရင်ကော ငါ့မှာဘဝသစ်ပြန်မစနိုင်ဘူးလေ မဖြစ်ဘူး မဖြစ်ဘူး ဇာတ်လိုက်ကို အရင်ဝမ်ရိပေါ်လိုမဆက်ဆံမှရမယ် မဟုတ်ရင် ငါလေးဘဝက ဇာတ်လိုက်အစားထိုးကျွေးရင်ကျွေး မကျွေးရင် မြေအိုးအဆိပ်လူသားဖြစ်မှာကကျိန်းသေပဲ*

ထိုစဉ်

မြန်မြန်လျှောက်ပါကွ မင်းထမင်းမစားထားဘူးလား ဟမ် ဗိုက်ဆာနေတာလား

*ကျင်းလင် ဘယ်လိုမေးလိုက်တာလဲကွာ ကျင့်ကြံသူတွေက ဗိုက်ဆာပါ့မလားဟ* စိတ်ထဲမှာတော့ အဲ့လိုပြောနေပေမယ့် အပြင်မှာတော့

ကျင်းလင်!! ဘာဖြစ်လာတာလဲ

ဒီကောင်စုတ်လေး မြန်မြန်မလာလို့ပြောနေတာပါ ထိုစဉ် ခြေသံတစ်လျှပ်လျှပ်ဖြင့် တံခါးဝကဝင်လာချိန် ခေါင်းပေါ်က ရွှေရောင်စာလုံးတွေက

ရှောင်ကျန့် ဆိုပြီးရေးထားလေရဲ့

ဝမ်ရိပေါ်မျက်လုံးကကျိန်းစပ်ပြီးနေလေရဲ့ သူကြည့်လိုက်တော့ ထော့နဲ့စွာလျှောက်လာတဲ့ခြေထောက် တွေမှာ ကြာပွတ်ရာတွေ ဘယ်လက်မောင်းကို ညာလက်ကကိုင်ရင်း လာတော့ လက်ကြားထဲမှာထွက်လာတဲ့သွေးစတွေနဲ့ မျက်နှာနုနုမှာဖူးယောင်နေသောအညိုအမဲကွက်တွေ ဆံပင်တွေက သမီးပျိုလေးတစ်ယောက် မတရားသိမ်းပိုက်ခံရသလို ဖွာလန်ကျဲနေလေရဲ့ ထိုစဉ်ဝမ်ရိပေါ်တွေးလိုက်တာက
*ငါ့ကိုဒီဝတ္ထုထဲက အမြန်ခေါ်ထုတ်သွားပါလား!!!!!*

ထိုစဉ်ဒူးထောက်မို့ပြင်လိုက်တဲ့ရှောင်ကျန့်အား

ရပြီမလိုဘူး ဒူးမထောက်နဲ့တော့ မင်းဒူးထောက်ရင် ငါ့ဘာသာသနတယ်
*မင်းဒူးထောက်ရင် ငါနောက်ကျ ခြေထောက်အချိုးခံရမှာကွ*

ရှောင်ကျန့်ရဲ့ နက်မှောင်နေတဲ့ မျက်ဆံတွေမှာ ဝမ်းနည်းရိပ်တွေဖြတ်ပြေးသွားခဲ့ပြီး မတ်တပ်ရပ်ကာအရိုအသေပေးလိုက်သည် ထိုစဉ် ကျင်းလင်က

I Lost My Love (Uni & ZAWGY)Where stories live. Discover now