Zawgyi
ချစ်နေသေးတယ်အားကျန့်ရယ်...
တန်ရဲ့လား...မင်းလဲလှယ်ခဲ့တာတွေ...တန်တာမတန်တာမရှိပါဘူး သူပျော်ရွှင်ဖို့ကအဓိက သူပျော်ရွှင်နေရင်တန်ပြီ...
ထိုအချိန် အဆောင်တံခါးဟာဝုန်းကနဲ ပွင့်သွားခဲ့တယ်...လန်ရှီးချန်တစ်ယောက်အပြင်မှာနားထောင်ရင်း ဘာတွေပြောမှန်းမသိတာကြောင့် ဝုန်းကနဲ အခန်းတံခါးဖွင့်ကာ ဝင်လာလေသည်....ထိုအချိန်ဝမ်ရိပေါ်မှာ စိုးထိတ်စွာဖြငိ့
အစ်ကိုကြီး....
ဝမ်ရိပေါ်ဘာကြောင့် ဓားဝိညာဉ်ကမင်းနဲ့ပုံစံတူနေတာလဲ ဘာကြောင့်လဲ....ဘာတွေလဲခဲ့လဲ ပြောစမ်းပါ!!!!!!!
မပြောနိုင်ဘူး....
ထိုစဉ်ဓားဝိညာဉ်မှာ
သူမပြောရင် ငါပြောမယ်....(အပိုင်း၉ကိုတစ်ချက်ပြန်သွားကြည့်ပါ)
Flash back
ပန်းပေါင်းစုံတွေပွင့်လန်းပြီး မြူနှင်းတွေနဲ့ ယုန်တွေ ရှဥ့်တွေပြေးလွှားနေတဲ့နေရာတစ်ခု တောတောင်တွေကသာယာတယ် ရေကန်အကျယ်ကြီးရှိတယ် ရေကန်ရဲ့အပေါ်မှာ ရေတံခွန်သေးသေးလေးရှိတယ် ရေတွေကကန်ထဲမှာလည်ပတ်ပြီးစီးဆင်းနေလို့ လိုင်းလုံးသေးသေးလေးတွေ ကြည်စိမ့်နေတဲ့ရေတွေရဲ့အောက်မှာ ကျောက်စရစ်ခဲရောင်စုံရှိတယ်တဲ့ ကျောက်ခဲလေးတွေက အဖြူ အနီ အဝါ အပြာနဲ့ရောင်စုံလှတယ် ပုံသဏ္ဍာန်အမျိမျိုးနဲ့မို့ ကြည်လက်နေတဲ့ရေတွေပေါ်မှာတောင် အရောင်လာဟပ်တယ်....ရောင်စုံငါးလေးတွေကပြေးလွှားပြီး ရောင်စုံကျောက်တုံးတွေပေါ်မှာ ရေညှိလေးတွေရှိတယ်..စိမ်းဖန့်ဖန့်ရေညှိပင်လေးတွေက ရောင်စုံကျောက်တုံးတွေပေါ်မှာဖြစ်လို့ အရမ်းလှပတဲ့မြင်ကွင်းတစ်ခု
ငါဘယ်နေရာရောက်နေတာလဲ....တော်တော်လှတယ်...အားကျန့်ကိုနောက်ဆိုခေါ်လာရမယ်...ဒါမယ့်ငါ့ခန္ဓာကိုယ်ကဘာလို့အရမ်းအားနည်းနေတာလဲ...
အာ့.....
ထိုစဉ်ဝမ်ရိပေါ်ရဲ့ခေါင်းထဲမှာစူးကနဲနာကျင်မှုနဲ့အတူ သူအိပ်ယာပေါ်မှာလဲနေတဲ့အချိန်ကိုပြန်သတိရမိတော့...မျက်ရည်တွေကအသွင်သွင်စီးဆင်းလို့နေလေရဲ့ ပြီးနောက်