Zawgyi
မိစ္ဆာနှိမ်နင်းခြင်း
လော့ယွီမြို့ထဲစဝင်ပါပြီဆိုတော့ လူတွေက မသင်္ကာတဲ့မျက်လုံးတွေနဲ့ကြည့်နေကြသည်။ထိုအရာတွေကို လျစ်လျူရှုကာ မြို့ရဲ့အကြီးအကဲဆီကို တန်းသွားလိုက်ကြသည်။သူတို့ကို ဧည့်ခန်းမှာထိုင်နေတုန်း ပုပုဝဝ အသားညိုညို နဲ့ အသက်ကြီးကြီးလူတစ်ယောက်ဝင်လာပြီး ဧည့်ခန်းထိပ်မှာထိုင်တော့
မလုံတစ်လုံဝတ်ထားသောအမျိုးသမီး....ရင်မောက်မောက်မှာ တစ်ဝက်ပဲဖော်ထားပြီး ဗိုက်သားချပ်ချပ်ကိုလဲ အဝတ်ပါးလေးသာ အုပ်ထားသည်။ပေါင်တံဖွေးဖွေးသွယ်သွယ်ကို လစ်ဟထားတဲ့ ထိုအမျိုးသမီးက ယဉ်ကျေးမှုကို သိရကောင်းမှန်းလဲမသိ..... ထိုလူကြီးပေါ်ခွထိုင်ကာ ချွဲပြစ်စွာဖြင့်သခင်ကြီး..... ဘယ်ကလူတွေလဲ ရင်းအာကြောက်တယ်
ရင်အား မကြောက်နဲ့ ဒါကရွှမ်လုတောင်က ပီချန်ဓားအရှင် ဝမ်ရိပေါ်တဲ့ ကိုကြီးတို့မြို့မှာ သောင်းကျန်းနေတဲ့မိစ္ဆာကို ဖမ်းပေးဖို့လာတာ....
ဒီကဆရာကြီးက အဲ့လောက်အစွမ်းထက်ပါ့မလား ကိုကြီးရယ် တော်ကြာမိစ္ဆာသတ်တာခံရပြီး... ရင်းအာတို့ပါဒုက္ခရောက်ကုန်ပါလိမ့်မယ် ကိုကြီးရယ်.....
ဝမ်ရိပေါ်ကအေးဆေးနေပေမယ့် သူ့တပည့်တွေက မခံမရပ်နိုင်အောင် ဖြစ်နေကြပြီ အဆိုးဆုံးကကျင်းလင်ပင် ဒေါသထွက်တာ မျက်နှာကိုနီရဲနေတာပဲ.... ရှောင်ကျန့်ကတော့ သည်းခံနိုင်လွန်းတဲ့ သူ့ဆရာအပေါ်တော်တော်အံ့သြနေလေရဲ့...ယင်းဟွမ်ဟွမ်နဲ့တသ်ခြားတပည့်တွေကတော့ သူတို့ရှစ်စွမ်း စကားကလွဲရင် ကျန်တဲ့သူစကားအရာမဝင်သလိုနေကြလေရဲ့....
ရင်းအာရယ် စိတ်မပူပါနဲ့...... ဒီကသခင်က ကျင့်ကြံခြင်းလောကမှာ နံပါတ်၁ ဆရာကြီးပါကွ
အာ့ဆို ရင်းအာတို့ အားကိုးလို့ရတယ်ပေါ့နော်
ဒါပေါ့....
ဝမ်ရိပေါ်စိတ်မရှည်စွာဖြင့်....
ဒီမှာ ကျုပ်တို့ကခင်ဗျား မိန်းမနဲ့ပလူးနေတာကို ကြည့်ဖို့လာတာမဟုတ်ဘူး မိစ္ဆာနှိမ်နင်းဖို့လာတာ...
