ZAWGYI
အချစ်ဆုံးလူသားပြန်လာပြီ
ဝမ်ရိပေါ်တစ်ယောက် မိုးများစဲသည်အထိ ထိုင်တဲ့နေရာက မထမိသေး....သူအရမ်းချစ်မြတ်နိုးရတဲ့လူသားကို သူဒီနေ့တစ်နေ့လုံးအဖော်လုပ်ပေးမည်ဟု တွေးထားသောကြောင့်ပင်....သူအချစ်ဆုံးဆုံးလူသားဟာ ကောင်းကောင်းမွန်မွန်အသက်ရှင်မယ်မှန်း သိပါရက်နဲ့ သူ့အနားကိုပြန်မလာတော့ဘူးဆိုတဲ့ အသိစိတ်ကြောင့် သူဒီလိုဖြစ်နေတာပဲ ...အသက်ဝိညာဉ်ကင်းမဲ့သလိုမျိုးပေါ့.....သူဘာဆက်လုရမလဲ သူကိုယ်တိုင်တောင် မသိတဲ့အနေအထား......
ထိုအချိန် တောင်ပေါ်မှာဝရုန်းသုန်းကားဖြစ်နေလေရဲ့....
ရှစ်စွမ်း!!! ရှစ်စွမ်း!!!
သူ့ဆီကို အပြေးအလွှားရောက်လာသောကျင်းလင်...
ဝမ်ရိပေါ်လဲ အလျင်အမြန်မတ်တပ်ရပ်လိုက်ကာ.....သူ့အနီးအနားရောက်လာသောကျင်းလင်အား...
ဘာဖြစ်လာတာလဲ မင်းအသက်၂၀တောင်ကျော်နေပြီ အခုချိနမထိ တည်ငြိမ်မှုမရှိသေးဘူး...ဆိုကာ ခက်ထန်စွာပြောလေတော့
ကျင်းလင်လဲ တည်ငြိမ်အောင်လုပ်ပြီးမှ...
လက်နှစ်ဖက်ကိုယှက်ကာဂါရဝပြုရင်း ရှစ်စွမ်း....ပိုင်ကျင့်တောင်ထွဋ်သခင် ဝူမင်းရန်ရဲ့သမီးတော်....ဝူလျှို့ရောက်လာပြီး....ဆရာဦးလေးကို စိန်ခေါ်နေပါတယ် ဆရာဦးလေးကလက်မခံတော့ ကျွန်တော်တို့ပုလဲရေခဲဆောင်ရဲ့လက်အောက်ငယ်သားတွေကို တိုက်ခိုက်နေပါတယ်....ဆရာဦးလေးက တားပေမယ့် ဆရာတူညီမလေးက လက်မခံဘဲ ပြန်တိုက်ခိုက်နေပါတယ်....
ဘာ!!!!! အဲ့တာကိုဘာလို့အစတည်းကမပြောလဲ....
ကျွန်တော်ပြောမယ်ဆိုတော့ ရှစ်စွမ်းက.....ကျင်းလင်စကာမဆုံးသေးခင်မှာပဲ
ဝမ်ရိပေါ်ဟာ အလိုမကျစွာဖြင့် ကျစ်တစ်ချက်သက်ကာ...ထွက်သွားလေပြီ
ကျင်းလင်တစ်ယောက် သူ့ဆရာကို မှီအောင်လိုက်ရပေအုံးမည်....တောင်ပေါ်ရောက်တဲ့အချိန်မှာတော့....
ဟြမ္ဟြမ္ဘက္က အသာစီးရေနေလၿပီ....