Zawgyi
ရှင်းယွမ်မြို့နှင့် မိစ္ဆာစည်းပွင့်ခြင်း
ရှင်းယွမ်မြို့....
ရှင်းယွမ်မြို့မှာ တောင်တန်းတြွေဖင့်ကာရံထားပြီး ဆက်သွယ်ရေးကောင်းမွန်သောမြို့ငယ်တစ် ခုဖြစ်သည် ရှင်းယွမ်မြို့တွင် ကုန်သည် စီးပွားရေးသမား စသည်ဖြင့်စည်ကားလေသည်
သို့ပေသော်ငြား လွန်ခဲ့သည့် ၂လကစပြီး ရှင်းယွမ်မှာ ကပ်ဘေးဆိုက်လာခဲ့သည် ရှင်းယွမ်ကို လာသည့်ကုန်သည်များသည် မြို့ကိုမရောက်ခင် ဓားပြတိုက်ခံရသည်.. မြို့တွင်းတွင်လဲ ရောဂါများဖြစ်ကာ အရင်ကစည်ကားသောမြို့လေးသည် ယခုအခါတွင်တော့ ခြောက်ကပ်ကာနေခဲ့လေပြီရှင်းယွမ်သို့ ရှောင်းကျန့်တို့ရောက်သည်နှင့် အစာရေစာများပေးသည် အဓိကဖြစ်သော အကြောင်းအရာကိုလိုက်ရှာသည် သို့သော်ငြားတစ်ခုမှမတွေ့ခဲ့ပေ....
သခင်လေး...
ပြော...
အဓိကအရင်းအမြစ်ကိုရှာမတွေ့ခဲ့ပါဘူး...
ခွမ်!!! ပန်းကန်လုံးကိုပြစ်ပေါက်လိုက်တော့ အဖွဲ့သားအားလုံးဒူးထောက်ကုန်သည်..
မင်းတို့ဘာအသုံးကျလဲ ဒီကိုရောက်တာ ၁ပတ်ရှိပြီ ဒါလေးတောင်မရှာနိုင်ဘူး မနက်ဖြန် ငါကိုယ်တိုင်ထွက်ရှာမယ်....ကြားလား!!
ဟုတ်ကဲ့ သခင်လေး!!
အကုန်လုံးထွက်သွားပြီးနောက် ကုတင်ပေါ်သို့လှဲအချ အိပ်တစ်ဝက်နိုးတစ်ဝက်တွင်သိလိုပ်သည်က သာယာသောဗျပ်စောင်းသံပင်...
ရှောင်းကျန့်သူနိုးလာတော့ ညနေစောင်းနေခဲ့လေပြီ...ထူးဆန်းသည်က သူ့တစ်ကိုယ်လုံးပေါ့ပါးနေသည်ပင်ဖြစ်သည်..
ထို့နောက် သူအခန်းပြင်ထွက်ချိန်မှာတော့ သူတို့တည်းသည့် တည်းခိုခန်း၌ ဆရာတူအမ
ယင်းဟွမ်ဟွမ်နှင့် ကျင်းလင်ကိုတွေ့လိုက်သည်ပင်ဖြစ်သည်... ရှောင်းကျန့်လက်သီးကို တင်းတင်းဆုပ်ကာ တဖက်အခန်းသို့ဝင်ပြီးဝမ်ရိပေါ် ခင်ဗျားဘာလာလုပ်တာလဲ
ထိုစဉ်ယင်းဟွမ်ဟွမ်မှ ဆရာ့ကို မရိုင်းပျနဲ့ ရှောင်းကျန့်...