I Lost My Love ep6

547 50 0
                                    

Zawgyi
တရားလေ့ကျင့်ခြင်း


ရွှမ်လုတောင်ဂိုဏ်းပြန်ရောက်တဲ့အချိန်မှာတော့....လန်ရှီးချန်က ဂိုဏ်းပေါက်ဝမှာ ဂိုဏ်းသားတွေနဲ့ စုကြိုလေရဲ့....ဝမ်ရိပေါ် ပြေးဆင်းကာ မိဘနဲ့ခွဲနေရသည့်ကလေးအလား
လန်ရှီးချန်ကိုပြေးဖက်မိသည်.....

လန်ရှီးချန်ကကျောလေးကိုပုတ်ပေးပြီးနေတော့ အတန်ကြာမှ ရင်ခွင်ထဲကခေါင်းထွက်ကာ....

အကိုကြီး ဆိုကာငိုမဲ့မဲ့ဖြင့် ပြောလာလေသူက တစ်မိုးအောက် ပီချန်ဓားအရှင် ဝမ်ရိပေါ်မှဟုတ်ပါလေစ

ရိပေါ် ဆရာတူညီလေး အခြေအနေ

အားမရပါဘူးအကိုကြီးရယ် ကျွန်တော့်ကိုယ်ကိုလဲအားမရဘူး

တစ်ဖြည်းဖြည်းအဆင်ပြေလာမှာပါကွာ.....

ကျွန်တော် နှစ်အနည်းငယ် တရားကျင့်ချင်တယ်အကိုကြီး ခန္ဓာကိုယ်က ပုံမှန်မဟုတ်တော့..... သိပ်အဆင်မပြေဘူးရယ်

အင်း..... အကိုကြီးခွင့်ပြုပေးပါ့မယ်...... ဘယ်နေရာမှာလေ့ကျင့်ချင်လဲ

တုံးဟိုင်......

ဘယ်လို တုံးဟိုင်

ဟုတ်အကိုကြီး ခွင့်ပြုပေးပါ.....

ဟုတ်ပြီခွင့်ပြုပေးပါ့မယ်.....

တုံးဟိုင်ဆိုတဲ့နေရာဟာ ရေဓာတ်အလွန်ကောင်းမွန်တယ် သူ့ရဲ့စွမ်းအင်နဲ့ဆို အကိုက်ဆုံးနေရာဖြစ်သည့်တိုင် ရွှမ်လုတောင်နဲ့ သာမာန်ခရီးဆို ၄ရက်လောက်သွားရတယ် တုံးဟိုင်ဆိုတာနာမည်အတိုင်းပဲ အရှေ့ဘက်ပင်လယ်လိုပါပဲ..... တုံးဟိုင်ရဲ့ အလယ်မှာ အေးခဲနေတဲ့ ရေခဲပြင်တစ်ခုရှိတယ် အဲ့ရေခဲပြင်က ဘယ်ကျင့်ကြံသူလာကျင့်ကျင့် လုံးဝအရည်ပျော်ကျမသွားတဲ့နေရာတစ်ခု.....ဝမ်ရိပေါ်ရဲ့ ရေခဲကျားသစ်စွမိးအားနဲ့ အကိုက်ညီဆုံးပင်.... ဝမ်ရိပေါ်လန်ရှီးချန်ရဲ့ခွင့်ပြုချက်ကို ရတာနဲ့ ချက်ချင်းသွားဖို့ပြင်ဆင်တယ်..... သူ့ရဲ့ချစ်တပည့်တွေကိုနှုတ်ဆက်ရင်း ရှောင်ကျန့်ကိုတော့ ကျောက်စိမ်းနန်းဆောင်အားအပ်ကာ အကုန်သင်ကြားပေးဖို့တောင်းဆိုခဲ့လေတယ်........

I Lost My Love (Uni & ZAWGY)Where stories live. Discover now