Zawgyi
အားကျန့်၏နောင်တ တရား
ဝမ်ရိပေါ်နိုးလာချိန် ရှောင်းကျန့်လဲ မရှိသလို အကာအရံမှာလဲကျိုးနေခဲ့လေပြီ သို့သော်လဲ သူထဖို့အားမရှိခဲ့ အာခေါင်များခြောက်ကပ်ကာ အဆိပ်အပ်ဝင်ထားသည့်နေရာမှာလဲ နာကျင်နေသည် အတွင်းအားလဲအများကြီးဆုံးရှုံးထားသည်မို့ လူကဖြူဖတ်ကာ အားမရှိနေခဲ့တော့ပေ သူ၏ဝတ်ရုံဖြူလွှလွှမှာလဲ မေပယ်ရွက်အလား နီစွေးနေခဲ့လေပြီ.....ထိုစဉ်သူ၏မျက်လုံးထောင့်မှ တွေ့ရသည့်အရိပ်လေးကြောင့် သူ၏နှုတ်ခမ်းပါးမှာ အပြုံးတစ်ခုဖြစ်လာကာ မျက်ဝန်းတို့်မှာ အမှောင်ကမ္ဘာသို့သာ ဆိုက်ရောက်ခဲ့လေတော့သည်.....
ရှောင်းကျန့်တစ်ယောက် ကျစ်တစ်ချက်သတ်ကာ ဝမ်ရိပေါ်ရဲ့ ခန္ဓာကိုယ်ကိုမလိုက်တော့ ဝါဂွမ်းလုံးလေးပမာ ပေါ့နေသည်ကြောင့်
ခင်ဗျားက စိတ်ချမ်းသာပြီး ဝဖြိုးနေရမည်မလား...အခုလိုပုံစံဖြစ်နေရမှာမဟုတ်ဘူး ကျွန်တော်ဘယ်လိုနားလည်ရမှာလဲ.....
ထိုစဉ်ရင်ခွင်ထဲရှိလူသားမှာ သွေးများစွာ အန်လေတော့သည်....ရှောင်းကျန့်တစ်ယောက်ပျာယာခတ်ကာ သစ်ပင်တစ်ခု၏ခြေရင်း၌ချကာ သွေးကြောစမ်းလေတော့ ဒေါသများထွက်ကာ မိစ္ဆာအငွေ့အသက်များနှင့် လူသတ်အရိပ်အယောင်များ များပြားလာလေသည်
အကြောင်းမှာတော့ အဆိပ်ဟာ သွေးကြောမတွေပါ အကုန်သက်ရောက်နေခဲ့လေပြီ.... ရှောင်းကျန့်တစ်ယောက် အဆိပ်အပ်အားထုတ်ပေးရန် ဝမ်ရိပေါ်၏အဝတ်များ ချွတ်လိုက်ချိန်မှာတော့ ဆူးကြိမ်လုံးဒဏ်ရာကြောင့်ရတဲ့အမာရွတ်တွေအပြင် အခြားသော အမာရွတ်တွေကြောင့် မျက်မှောင်ကြုံ့လိုက်မိသည်......
ဖြူဖွေးနေသည့်ကျောပြင်ငယ်တွင် အမာရွတ်တွေတော့အများကြီးပင်....
ရှောင်းကျန့်တစ်ယောက် မည်သည့်အရာမှ တွေးမနေတော့ပဲ အဆိပ်အပ်ကိုထုတ်ပေးတော့ ဝမ်ရိပေါ်၏ နာကျင်မှုကြောင့် ထွက်ပေါ်လာသော အသံကိုကြားရလေသည် ထို့နောက် အဝတ်အစားများပြန်ဝတ်ပေးကာ အတွင်းအားနဲ့သာဒဏ်ရာကုပေးမိသည် သူအတွင်းအားပို့နေသည့်တစ်လျှောက် ဝမ်ရိပေါ်မှာ သွေးသာခနခနအန်သည်...
သူစဉ်းစားမရ ဘာလို့အဆိပ်ကပြယ်မသွားခဲ့ရသလဲ ဘာလို့လဲ......
