I Lost My Love ep9

534 47 11
                                    

Zawgyi

               အချစ်သည်သာ အေးမြရာ

ဝမ်ရိပေါ်သတိမေ့ပြီး သွေးတွေအန်တာ အကြိမ်ပေါင်းမရေတွက်နိုင်တော့ဘူး နှုတ်ခမ်းတွေကဖြူလျော့နေပြီး ယွီပင်းလဲချွေးဇောတွေသာပြန်နေသည် ရှောင်ကျနိ့မှာလဲ ဝမ်ရိပေါ်၏လက်ကိုကိုင်ကာ ရှစ်စွမ်းဟုသာ တစ်ကျော်ကျော်ခေါ်နေသည်မို့ ယင်းဟွမ်ဟွမ်နဲ့ ကျင်းလင်မှာပြောရမယ့်စကားလုံးတွေကို ပြန်မြိုသိပ်ကာ မျက်နှာမသာမယာနဲ့သာနေနေရသည်.... ကျန်းချန်နဲ့ လန်ရှီးချန်မှာတော့ ပြောခန်းမရှိစွာပဲ မျက်နှာမသာမယာဖြစ်ယုံတင်မကပါပဲ စိုးရိမ်မှုတွေကအထင်းသားနဲ့ ပိရောင်ကတော့ ဆေးကျမ်းတွေသာအထပ်ထပ်အခါခါလှန်နေသည်......သူတို့တွေစိုးရိမ်နေသလောက် ဝမ်ရိပေါ်မှာတော့..

ပန်းပေါင်းစုံတွေပွင့်လန်းပြီး မြူနှင်းတွေနဲ့ ယုန်တွေ ရှဥ့်တွေပြေးလွှားနေတဲ့နေရာတစ်ခု တောတောင်တွေကသာယာတယ် ရေကန်အကျယ်ကြီးရှိတယ် ရေကန်ရဲ့အပေါ်မှာ ရေတံခွန်သေးသေးလေးရှိတယ် ရေတွေကကန်ထဲမှာလည်ပတ်ပြီးစီးဆင်းနေလို့ လိုင်းလုံးသေးသေးလေးတွေ ကြည်စိမ့်နေတဲ့ရေတွေရဲ့အောက်မှာ ကျောက်စရစ်ခဲရောင်စုံရှိတယ်တဲ့ ကျောက်ခဲလေးတွေက အဖြူ အနီ အဝါ အပြာနဲ့ရောင်စုံလှတယ် ပုံသဏ္ဍာန်အမျိမျိုးနဲ့မို့ ကြည်လက်နေတဲ့ရေတွေပေါ်မှာတောင် အရောင်လာဟပ်တယ်....ရောင်စုံငါးလေးတွေကပြေးလွှားပြီး ရောင်စုံကျောက်တုံးတွေပေါ်မှာ ရေညှိလေးတွေရှိတယ်..စိမ်းဖန့်ဖန့်ရေညှိပင်လေးတွေက ရောင်စုံကျောက်တုံးတွေပေါ်မှာဖြစ်လို့ အရမ်းလှပတဲ့မြင်ကွင်းတစ်ခု

ငါဘယ်နေရာရောက်နေတာလဲ....တော်တော်လှတယ်...အားကျန့်ကိုနောက်ဆိုခေါ်လာရမယ်...ဒါမယ့်ငါ့ခန္ဓာကိုယ်ကဘာလို့အရမ်းအားနည်းနေတာလဲ...

အာ့.....
ထိုစဉ်ဝမ်ရိပေါ်ရဲ့ခေါင်းထဲမှာစူးကနဲနာကျင်မှုနဲ့အတူ သူအိပ်ယာပေါ်မှာလဲနေတဲ့အချိန်ကိုပြန်သတိရမိတော့...မျက်ရည်တွေကအသွင်သွင်စီးဆင်းလို့နေလေရဲ့ ပြီးနောက်

ငါ....ငါသေသွားပြီလား မဖြစ်နိုင်တာ မိုးကြိုးဆူးကြိမ်လုံးဒဏ်လောက်နဲ့ ငါ့မသေနိုင်ပါဘူး....

I Lost My Love (Uni & ZAWGY)Where stories live. Discover now