|| 1 ||

9.1K 837 27
                                    

||Unicode||

လမ်းထဲကို ချိုးကွေ့လာသော စက်ဘီးကိုမြင်တာနဲ့ ရိပေါ် မှန်ဘီလူးကို လည်ပင်းမှာဆွဲကာ
သစ်ပင်ပေါ်မှ ခုန်ချလိုက်သည်။
ဆိုင်ထဲကို ပြေးဝင်ပြီး ပစ္စည်းတွေစီနေတဲ့မားကို အိမ်အတွင်းခန်းဆီ အတင်းတွန်းပို့တော့ မားက ခွေးကောင်လေးဟု အော်သည်။

မှန်ဘီရိုတွေနောက်မှာ နေရာယူပြီးပြီးချင်း
ဆိုင်ရှေ့မှာ စက်ဘီးရပ်သွားသည်။
ဆိုင်တံခါးကို တွန်းဖွင့်လိုက်တော့ ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းသေးသေးလေးတွေက တချွင်ချွင်မြည်သည်။
ရိပေါ်ရင်က တဒုတ်ဒုတ်ခုန်သည်။

ရင်အေးစေတဲ့ မိုးပြာရောင်လေးက အနားကိုရောက်လာသည်။

"ဘာအလိုရှိပါသလဲ ခင်ဗျာ"

"သ​ကြားလုံးတစ်ထုပ်နဲ့သီးစုံရေခဲမုန့်"

"ရေခဲမုန့်နေ့တိုင်းစားတယ်နော်"

"အချိုကြိုက်လို့ပါ"

"အချိုကြိုက်ရင် ကျွန်တော့်နှုတ်ခမ်းတွေ
မြည်းကြည့်ပါလားဗျ ရေခဲမုန့်ထက်ပိုချိုတာအာမခံပါတယ်"

"....."

"မြည်းမလား"

နားရွက်တွေနီရဲလာသော ထိုလူသားက ပိုက်ဆံအတင်းရှင်းပြီး ခြေလှမ်းကျဲကျဲနှင့်ထွက်သွားသည်။

ရိပေါ် မားကို ဆိုင်ကြည့်ရန်အော်ထားခဲ့ပြီး
စကိတ်ကို ဆွဲယူကာ ထိုသူ၏စက်ဘီးနောက်
အမှီလိုက်သည်။

ခပ်နှေးနှေးသာနင်းသော စက်ဘီးကို ရိပေါ်
ခဏနှင့်မှီပါသည်။ အရှိန်ကိုထိန်းရင်း ဘေးချင်းယှဥ်လိုက်သည်။

"အလကား မြည်းခိုင်းတာကိုဗျာ
ကျန့်ကောမို့ ငြင်းနိုင်တယ်"

ရှောင်းကျန့်က စက်ဘီးအရှိန်ကို မြန်လိုက်သည်။

"ကျန့်ကော"

"ကျန့်ကော"

"ကျန့်ကော"

"ကျန့်ကောလို့"

ရှောင်းကျန့်က ရိပေါ်ကို လှည့်ပင်မကြည့်ပါ ။
ခဏကြာတော့ ရှောင်းကျန့်တို့အိမ်ရှေ့ရောက်လာသည်။ ခြံတံခါးပိတ်ထားတာကြောင့် ရှောင်းကျန့်က စက်ဘီးကို ရပ်လိုက်သည်။ ရိပေါ်က ရှောင်းကျန့်စက်ဘီးရှေ့မှာပိတ်ရပ်သည်။

Tutti-Frutti || Completed ||Where stories live. Discover now