|| 3 ||

4.1K 739 2
                                    

||Unicode||

ရိပေါ် စောင့်နေတာ ငါးမိနစ်ရှိပြီ။
ရှောင်းကျန့် မလာပါ။
မနေ့က သူနမ်းလိုက်လို့များလား ။
နှုတ်ခမ်းကိုနမ်းရင် စိတ်ဆိုးမှာစိုးလို့ ပါးလေးပဲ မြည်းကြည့်လိုက်တာကို။

မားကို ဆိုင်စောင့်ထားခဲ့ပြီး ရှောင်းကျန့်တို့အိမ်ဘက်ထွက်လာခဲ့သည်။
ခြံတံခါးက​နေ အိမ်ထဲချောင်းကြည့်တော့
စက်ဘီးရပ်နေကျနေရာမှာ
ရှောင်းကျန့်စက်ဘီးမရှိပါ။

ရိပေါ် စောင့်နေပြီး ငါးမိနစ်လောက်အကြာမှာ
စက်ဘီးတစ်စီး ရှောင်းကျန့်တို့လမ်းထဲဝင်လာသည်။ အဝေးကလှမ်းကြည့်ရင်တောင် ရှောင်းကျန့်စက်ဘီးမှန်း ရိပေါ် အလွတ်ရပြီးသား။

စက်ဘီးကတဖြည်းဖြည်းနီးလာသည်။
ရိပေါ် ရှောင်းကျန့်ကို စရန် အကြံရပြီး အကွယ်တစ်ခုခုရှာကာ ပုန်းနေလိုက်သည်။
ခြံရှေ့ကိုရောက်တော့ ရှောင်းကျန့်ကစက်ဘီးကိုရပ်ပြီး ခြံတံခါးဆင်းဖွင့်သည်။

ရိပေါ်  ရှောင်းကျန့်ကို သွားလန့်ရန်ကြံလိုက်ပြီး အကွယ်နောက်ကနေထွက်ရန် ခြေလှမ်းပြင်ရုံရှိသေး ၊ ရှောင်းကျန့်လက်ထဲက ပလတ်စတစ်အိတ်ကို မြင်လိုက်သည်။
သေချာကြည့်လိုက်တော့ အထဲမှာ ရေခဲမုန့်ဘူး။ ရေခဲမုန့်တောင် ရှောင်းကျန့်စားနေကျ သီးစုံရေခဲမုန့်။

ရိ​ပေါ် ကြောင်သွားသည်။
ဒီနေ့ ရှောင်းကျန့် ရိပေါ်တို့ဆိုင်စျေးလာမဝယ်ပါ။ ဒါဘယ်က ဝယ်လာတာလဲ ။
ရိပေါ်မရှိတုန်း လာဝယ်သွားတာများလား။
သူစဥ်းစားနေတုန်း ရှောင်းကျန့်က စက်ဘီးကိုတွန်းပြီး အိမ်ထဲဝင်သွားပြီ။

ရိပေါ် သေချာစဥ်းစားကြည့်လိုက်တော့ ခုနက ရှောင်းကျန့်လာတာ ရိပေါ်တို့ဆိုင်ဘက်က
မဟုတ်ပါ။
ဒါဆို ဘယ်ဆိုင်ကလဲ ။
ရိပေါ်တို့ ရပ်ကွက်ထဲမှာ စျေးဆိုင်များများစားစားမရှိပါ။

တစ်ရပ်ကွက်လုံးကို နှံ့နေသောရိပေါ်က ကြာကြာစဥ်းစားစရာ မလိုလိုက်။
ရှောင်းကျန့်ဝယ်လာတာ ဆမ်ဆမ်တို့ဆိုင်ကပဲ
ဖြစ်မည်။ရှောင်းကျန့်တို့အိမ်ကနေဆို
ဆမ်ဆမ်တို့ဆိုင်က ရိပေါ်တို့ဆိုင်ရဲ့နှစ်ဆလောက်ဝေးမည်။ ဒါကို ရှောင်းကျန့်က မမောနိုင် မပန်းနိုင်သွားဝယ်သည်ပေါ့။

ရိပေါ်အကြောင်းသိမယ်လို့ ကြုံးဝါးကာ ပြန်ခဲ့သည်။

||Zawgyi||

ရိေပၚ ေစာင့္ေနတာ ငါးမိနစ္ရွိၿပီ။
ေရွာင္းက်န့္ မလာပါ။
မေန႕က သူနမ္းလိုက္လို႔မ်ားလား ။
ႏႈတ္ခမ္းကိုနမ္းရင္ စိတ္ဆိုးမွာစိုးလို႔ ပါးေလးပဲ ျမည္းၾကည့္လိုက္တာကို။

မားကို ဆိုင္ေစာင့္ထားခဲ့ၿပီး ေရွာင္းက်န့္တို႔အိမ္ဘက္ထြက္လာခဲ့သည္။
ၿခံတံခါးကေန အိမ္ထဲေခ်ာင္းၾကည့္ေတာ့
စက္ဘီးရပ္ေနက်ေနရာမွာ
ေရွာင္းက်န့္စက္ဘီးမရွိပါ။

ရိေပၚ ေစာင့္ေနၿပီး ငါးမိနစ္ေလာက္အၾကာမွာ
စက္ဘီးတစ္စီး ေရွာင္းက်န့္တို႔လမ္းထဲဝင္လာသည္။ အေဝးကလွမ္းၾကည့္ရင္ေတာင္ ေရွာင္းက်န့္စက္ဘီးမွန္း ရိေပၚ အလြတ္ရၿပီးသား။

စက္ဘီးကတျဖည္းျဖည္းနီးလာသည္။
ရိေပၚ ေရွာင္းက်န့္ကို စရန္ အႀကံရၿပီး အကြယ္တစ္ခုခုရွာကာ ပုန္းေနလိုက္သည္။
ၿခံေရွ႕ကိုေရာက္ေတာ့ ေရွာင္းက်န့္ကစက္ဘီးကိုရပ္ၿပီး ၿခံတံခါးဆင္းဖြင့္သည္။

ရိေပၚ ေရွာင္းက်န့္ကို သြားလန့္ရန္ႀကံလိုက္ၿပီး အကြယ္ေနာက္ကေနထြက္ရန္ ေျခလွမ္းျပင္႐ုံရွိေသး ၊ ေရွာင္းက်န့္လက္ထဲက ပလတ္စတစ္အိတ္ကို ျမင္လိုက္သည္။
ေသခ်ာၾကည့္လိုက္ေတာ့ အထဲမွာ ေရခဲမုန့္ဘူး။ ေရခဲမုန့္ေတာင္ ေရွာင္းက်န့္စားေနက် သီးစုံေရခဲမုန့္။

ရိေပၚ ေၾကာင္သြားသည္။
ဒီေန႕ ေရွာင္းက်န့္ ရိေပၚတို႔ဆိုင္ေစ်းလာမဝယ္ပါ။ ဒါဘယ္က ဝယ္လာတာလဲ ။
ရိေပၚမရွိတုန္း လာဝယ္သြားတာမ်ားလား။
သူစဥ္းစားေနတုန္း ေရွာင္းက်န့္က စက္ဘီးကိုတြန္းၿပီး အိမ္ထဲဝင္သြားၿပီ။

ရိေပၚ ေသခ်ာစဥ္းစားၾကည့္လိုက္ေတာ့ ခုနက ေရွာင္းက်န့္လာတာ ရိေပၚတို႔ဆိုင္ဘက္က
မဟုတ္ပါ။
ဒါဆို ဘယ္ဆိုင္ကလဲ ။
ရိေပၚတို႔ ရပ္ကြက္ထဲမွာ ေစ်းဆိုင္မ်ားမ်ားစားစားမရွိပါ။

တစ္ရပ္ကြက္လုံးကို ႏွံ႕ေနေသာရိေပၚက ၾကာၾကာစဥ္းစားစရာ မလိုလိုက္။
ေရွာင္းက်န့္ဝယ္လာတာ ဆမ္ဆမ္တို႔ဆိုင္ကပဲ
ျဖစ္မည္။ေရွာင္းက်န့္တို႔အိမ္ကေနဆို
ဆမ္ဆမ္တို႔ဆိုင္က ရိေပၚတို႔ဆိုင္ရဲ႕ႏွစ္ဆေလာက္ေဝးမည္။ ဒါကို ေရွာင္းက်န့္က မေမာနိုင္ မပန္းနိုင္သြားဝယ္သည္ေပါ့။

ရိေပၚအေၾကာင္းသိမယ္လို႔ ႀကဳံးဝါးကာ ျပန္ခဲ့သည္။

Tutti-Frutti || Completed ||Where stories live. Discover now