|| 7 ||

3.8K 686 6
                                    

||Unicode ||

ရိပေါ် အခု ရပ်ကွက်စာကြည့်တိုက်က
စာကြည့်စားပွဲမှာ စာအုပ်တစ်အုပ်နဲ့
ကျကျနနထိုင်နေပါသည်။

စာလာဖတ်တာတော့ မဟုတ်ပါ။
စာလာဖတ်တဲ့တစ်ယောက်ကို လာငမ်းတာ။

"ကျန့်ကော"

"အင်း"

"စာအုပ်ဖတ်ရတာကြိုက်လား"

"အင်း ငယ်ငယ်ကတည်းက "

"ကျွန်တော့်ကိုရော မဖက်ချင်ဘူးလား"

"ဝမ်ရိပေါ်"

"ပြောပြတာပါ ပြောပြတာပါ"

"အေးဆေးဖတ်ပါရစေ"

"ဗျာ တကယ်လား"

"စာအုပ်ကို ပြောတာပါ
စာအုပ်ကို ပြောတာပါ"

"ဟွန့် ကျွန်တော်လည်း စာအုပ်ကိုပဲ ပြောတာပါ"

တအောင့်ကြာပြီးနောက် ရှောင်းကျန့်က
ငှားမည့်စာအုပ်တွေယူကာ ပြန်ရန်ပြင်သည်။

"ကျွန်တော် လိုက်ပို့မယ်နော် ကော"

"စက်ဘီးတွန်းပြန်မှာ လမ်းလျှောက်ချင်လို့"

"ရတယ် ရတယ် ပေးပေး ကျွန်တော် တွန်းခဲ့မယ်"

"ကျေးဇူးပဲ"

"ရပါတယ် ကောရဲ့
ချစ်သူတွေကြားမှာ ကျေးဇူးဆိုတဲ့စကား မလိုအပ်ပါဘူး"

"ဝမ်ရိပေါ်
ဘယ်တုန်းက ငါ မင်းချစ်သူဖြစ်သွားတာလဲ"

"ကောကလည်း
ကျွန်တော်က ကောပါးကို နမ်းဖူးတယ်
ကောကလည်း ကျွန်တော့်ပါးကို နမ်းဖူးတယ်လေ
အဲ့တာ ချစ်သူမဟုတ်လို့ ဘာလဲ​ ပြော"

"နှစ်ခါလုံး မင်း ကလိမ်ကျသွားတာ ထည့်ပြောလေ"

"ဟွန် အဲ့တာက မေ့နေပြီ
မသိတော့ဘူး"

"တတ်လည်း တတ်နိုင်တယ်"

"ကော တကယ်ပြောတာပါဗျ
ကျွန်တော်က ကောကလွဲရင် ဘာမှမသိဘူး
ကောကို အရမ်းချစ်"

"ရိ... ရိပေါ်"

"ရပါတယ် ကောရယ်
ကျွန်တော် နားလည်ပါတယ်
ကော အချိန်ယူပြီးစဥ်းစားပါ
ကျွန်တော် စောင့်နိုင်ပါတယ်"

Tutti-Frutti || Completed ||Where stories live. Discover now