|| 2 ||

4.4K 754 17
                                    

||Unicode||

"ဝမ်ရိပေါ်!!"

ဆိုင်ထဲကို ပြန်ဝင်ဝင်လာချင်း မားကဆီးအော်သည်။

"ကျန့်ကျန့်ကို သွားမနှောင့်ယှက်ပါနဲ့ဆို
သူ့ခမျာ စျေးတောင်လာဝယ်ရဲမှာမဟုတ်တော့ဘူး"

"ဘာနှောင့်ယှက်လို့လဲ"

"ငါမွေးထားတဲ့သားပါ
မင်းအကြောင်း မသိတာမှတ်လို့"

ရိပေါ် မားရဲ့ စက်သေနတ်လိုပါးစပ်ကိုကြောက်တာကြောင့် အိမ်ထဲကို ခြေလှမ်းပြင်လိုက်သည်။

"ဟဲ့ ဒါ ဘယ်လဲ"

"အခန်းထဲကို"

"ဘာအခန်းထဲကိုလဲ ခုနက မင်းဆိုင်စောင့်ချင်လို့ မားကိုအတင်းနားခိုင်းနေပြီးတော့
လာ လာထိုင်စောင့်လှည့်"

"မားကိုပြောပြီးသားလေ  ဆယ်နာရီကနေ
ဆယ်နာရီ ငါးမိနစ်ထိပဲစောင့်မှာလို့ "

"သြော် အေးဟေ့ အတော်မွေးရကျိုးနပ်တဲ့
ခွေးကောင်လေး $#*×#*#*"

ရိပေါ်  ဒေါသအစပျိုးလာတဲ့မားကိုထားခဲ့ကာ
အခန်းထဲဝင်ခဲ့သည်။
ကုတင်ပေါ်ကို လှဲချရင်း ခေါင်းအုံးကိုသာ မျက်နှာအပ်ထားလိုက်သည်။
သူ ရှောင်းကျန့်ပါးကိုနမ်းခဲ့သည်။
ကိုယ့်လက်ကို ပြန်ဆွဲဆိတ်ကြည့်သည်။ အိပ်မက်မဟုတ်ပါ။
ရှောင်းကျန့်ပါးတွေက အိအိလေး၊မွှေးမွှေးလေး ။
ရိပေါ် ခြေနှစ်ချောင်းကို မိုးပေါ်ထောင်ကာ
အော်ချလိုက်သည်။

"အား...ရှောင်ရှောင်းကျန့် ကို ချစ်လိုက်တာ
ချစ်လိုက်တာ အရမ်းပဲ"

▪▪▪▪▪▪▪▪▪▪▪▪▪▪▪

ရှောင်းကျန့်တို့မိသားစု ရိပေါ်တို့ ရပ်ကွက်ကိုပြောင်းလာတာ နှစ်လလောက်ပဲရှိဦးမည်။
ရိပေါ်တို့ဆိုင်မှာ ရေခဲမုန့်လာလာဝယ်တာ မကြာသေး။
မားမအားတဲ့နေ့က ဆိုင်စောင့်ပေးရင်းနဲ့ ရှောင်းကျန့်ကို ရိပေါ်စတွေ့သည်။
ရှောင်းကျန့်က အမြဲ မနက်ဆယ်နာရီထိုးရင်
ရေခဲမုန့်လာဝယ်တတ်သည်။
ရေခဲမုန့်တောင် သီးစုံရေခဲမုန့်မှစားသည်။

ရှောင်းကျန့်က အကြည်ဓာတ်လေး
မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းပြည့်သည်။
ရှောင်းကျန့်ကို မမြင်ဖူးစဥ်ကပင် မားပြောလွန်းလို့ ရှောင်းကျန့်ဆိုတဲ့ နာမည်ကို မြင်ပြင်းကတ်နေအောင် ကြားဖူးသည်။
ရှောင်းကျန့်ကို စမြင်တော့မှ မားပြောတာမလွန်မှန်းသိသည်။

Tutti-Frutti || Completed ||Where stories live. Discover now