|| 6 ||

3.8K 708 3
                                    

||Unicode||

"ဟွမ်ဟွား နင်က ရှောင်းကျန့်ကို ကြိုက်တယ်လို့ ပြောနေတယ်ဆို"

"အဲ့တော့ ဘာဖြစ်လဲ
ငါကြိုက်လို့ ​ကြိုက်တယ်ပြောတာ"

"မ​ကြိုက်နဲ့"

"နင်နဲ့ ဘာဆိုင်လို့လဲ
ငါကြိုက်ချင် ကြိုက်မှာပေါ့"

"ကျန့်ကောက ငါ့ကောင်လေး"

"ဘာ...ဘာရယ် ဝမ်ရိပေါ်
ဘာပြောလိုက်တယ်"

"ကျန့်ကောက ငါ့ကောင်လေးလို့"

"မယုံဘူး"

"ဘာ... ဘာမယုံတာလဲ
ငါ့ကောင်လေးပါဆို"

"ရှောင်းကျန့်ကောကောလို လူမျိုးက
နင့်ကို ကြိုက်မတဲ့လားဟယ်
လာလှိမ့်မနေနဲ့"

"မယုံရင် လိုက်ကြည့်
ကျန့်ကောက ငါ့ပါးကို နေ့တိုင်း အာဘွားပေးနေကျ"

"အေး...မယုံဘူး
လုံးဝပဲ"

"ဟုတ်နေခဲ့ရင် နင် ကျန့်ကောအနားကပ်မယ်မကြံနဲ့၊ ဘယ်လိုလဲ"

"အေး စိန်လိုက်လေ"

ရိပေါ် ၊ ဆမ်ဆမ်နဲ့ ဟွမ်ဟွားတို့ သုံးယောက်သား ရိပေါ်တို့ဆိုင်နားရောက်တော့ ရှောင်းကျန့်က ဆိုင်ထဲက ထွက်လာသည်။

"ကြည့်နေလိုက်... ဟွမ်ဟွား"

ရိပေါ်က ဟွမ်ဟွားကို တစ်ချက်လှည့်ပြောကာ ရှောင်းကျန့်ဆီပြေးသွားသည်။

"ကျန့်ကော... ရေခဲမုန့်လာဝယ်တာလား"

"အင်း...သွားတော့မယ်နော်"

ရှောင်းကျန့်က စက်ဘီးပေါ် ရောက်နေပြီ။
ဟွမ်ဟွားကလည်း ခပ်လှမ်းလှမ်းကနေ
ပေါက်ထွက်မတတ်စိုက်ကြည့်​နေသည်။

" အာ့...ကျန့်ကော"

"ဘာဖြစ်လို့လဲ ရိပေါ်"

"ကျွန်တော့်ပါး ပါးမှာ အကောင်ကိုက်သွားတယ်ထင်တယ် နာလိုက်တာ
ကျန့်ကော ကြည့်ပေးပါဦး"

ရှောင်းကျန့်ဆီ ပါးကို အတင်းထိုးပေးနေသော ဝမ်ရိပေါ်ရယ်ပါ။

"ဘာမှမရှိပါဘူး"

"ရှိပါတယ်...ကောရဲ့  အရမ်းနာနေတာ
သေချာကြည့်ပေးပါ"

Tutti-Frutti || Completed ||Where stories live. Discover now