|| 10 || The End

4.3K 740 26
                                    

||Unicode||

နံနက် ဆယ်နာရီဖြစ်သည်။
ရိပေါ်က ထုံးစံအတိုင်း ဆိုင်ထဲမှာ နေရာယူထားသည်။

မြင်နေကျ စက်ဘီးကလေး ဆိုင်ရှေ့မှာ ရပ်သွားတော့ ရိပေါ်က နှုတ်ခမ်းတွေ ကော့ညွတ်သွားအောင် ပြုံးသည်။

"နိဟောင် ကော"

"နိဟောင် ရိပေါ်"

"ဘာအလိုရှိပါသလဲ ခင်ဗျ"

"ထုံးစံအတိုင်း ရေခဲမုန့်ပေါ့"

"ဒီမှာပါ ခင်ဗျ"

"သွားတော့မယ်နော်"

"ကျွန်တော် လိုက်ပို့မယ်"

ရိပေါ်က စက်ဘီးပေါ်မှာ ကျကျနန နေရာယူသည်။ ရှောင်းကျန့်ကတော့ ကယ်ရီယာခုံမှာထိုင်ကာ ရိပေါ်ရှပ်အနားကို ခပ်ဖွဖွကိုင်သည်။

"ရိပေါ်"

"ဗျာ"

"အိမ်မပြန်ချင်သေးဘူး"

"ဘယ်သွားချင်လဲ
ကျွန်တော့်ရင်ခွင်ထဲ သွားမလား"

ရိပေါ်စကားအဆုံး ရှောင်းကျန့်က ရိပေါ်ကျောကို လက်သီးဖြင့်ထုသည်။

"ချစ်တဲ့သူလက်နဲ့ထုတော့လည်း ​ပန်းနဲ့ပေါက်သလိုပါပဲလား"

"ရိပေါ်"

"ဗျာ"

"ငါ့ကို အရမ်းချစ်တာပဲလား"

"ချစ်တာပေါ့ ကောရဲ့"

"တကယ်လား"

"တကယ်ပေါ့ ကောက ပထမဆုံးအချစ်ပဲ"

"နောက်ဆုံးအချစ်ရော မဟုတ်ဘူးလား"

"မဟုတ်ပါဘူး"

"အဲ့လိုပေါ့"

"ကောကလည်း
ကောအပေါ်ထားတဲ့ ကျွန်တော့်အချစ်တွေက ဘယ်တော့မှ ဆုံးသွားမှာမဟုတ်ဘူး
အဲ့တာကြောင့် နောက်ဆုံးအချစ် မဟုတ်ဘူး
ကျွန်တော့်အချစ်က အင်ဖနတီ(infinity)
အချစ်"

"သောက်ကလေးလေး
တတ်ပဲတတ်နိုင်လွန်းတယ်"

"ကောအတွက်ပဲ တတ်တာပါ"

"ဟုတ်လို့လား"

"ဟုတ်တယ် ဘာလဲ မယုံဘူးလား
မယုံရင် အာဘွားပေးကြည့်"

Tutti-Frutti || Completed ||Where stories live. Discover now