|| Mini Extra ||

4.1K 667 23
                                    

|| Unicode ||

"ရိပေါ်"

"ဗျ"

"ငါ့ဖို့ ရေခဲမုန့်တွေ နေ့တိုင်းယူမလာပါနဲ့
ငါ အားနာတယ်"

"ဘာအားနာစရာလိုလို့လဲ ကောနော်
သူစိမ်းမဆန်ချင်ပါနဲ့"

"အဲ့လိုသဘောမဟုတ်ပါဘူး
ငါက ဒီတိုင်းအားနာလို့"

"ဒါဆိုလည်း ကော ဒီတိုင်းအလကားမစားချင်ရင် အပေးအယူတစ်ခုလောက်လုပ်မလား"

"ဘယ်လို..."

"ရေခဲမုန့်တစ်ခွက် အာဘွားတစ်ချက်လေ"

"မင်းကတော့ အသားယူဖို့ပဲ တွေးနေတော့တာပဲ"

"ကျွန်တော်က ချစ်လို့ပါဗျ"

"ပိုကိုပိုတယ်"

"ဒါပေါ့ ကောအပေါ်ထားတဲ့ အချစ်တွေပိုလျှံလွန်းပြီး နှလုံးသားနဲ့​တောင် မဆံ့လို့ အိတ်ကပ်ထဲထည့်ပြီး သွားလေရာ ယူသွားနေရတယ် ကောမယုံရင် ကြည့်ကြည့်ပါလား"

ရိပေါ်က သူ့ရှပ်အကျ်ီအိတ်ကပ်ကို ဖြဲပြသဖြင့် ရှောင်းကျန့် လက်နှိုက်ကြည့်တော့ ပါလာသည်က ပိုလာရွှိက်ဓာတ်ပုံငယ်လေးများ။
ရှောင်းကျန့် စက်ဘီးစီးနေပုံ ၊ စာဖတ်နေပုံ၊
ရှေ့တည့်တည့်က မြင်ရသောပုံ၊ နောက်ကျောပုံ၊ ဘေးတစောင်းပုံ အစုံပါပဲ။
အားလုံး ရှောင်းကျန့်ဓာတ်ပုံတွေချည်း ဖြစ်သည်။

"ရိပေါ် ဒါတွေက..."

"နှလုံးသားနဲ့မဆံ့လို့ အပြင်မှာ ထုတ်သိမ်းထားရတဲ့အချစ်တွေလေ"

"ရိပေါ်ရား..."

ရှောင်းကျန့်က ရိပေါ်ဆံပင်တွေကို ချစ်စနိုးဖြင့်ဆွဲဖွသည်။

"ကော"

"အင်း"

"ချစ်တယ်"

"အင်း"

"ကျွန်တော့်ကိုရော ချစ်လား"

"အင်း"

"အင်း ပဲလား"

"အင်း"

"ကော!"

"ချစ်တယ်"

"ဘာလို့ချစ်"

"ဒီလောက် စကားတတ်ပြီး တော်ကီအမျိုးမျိုးနဲ့ခြွေနေမှတော့ မချစ်ပဲနေနိုင်ပါတော့မလား"

Tutti-Frutti || Completed ||Where stories live. Discover now