|| 9 ||

3.7K 665 50
                                    

||Unicode||

"မား"

"အင်း"

"မားလို့"

"ဘာလဲ ဝမ်ရိပေါ်ရယ် ပြော ဘာလဲ"

"ကျွန်တော် ကောင်လေးရနေပြီ"

"အင်း"

"ဘာအင်းလဲ ဘယ်သူလဲ ဘာညာမေးရမှာလေ"

"ကျန့်ကျန့်ကို လိုက်ကြိုက်ပြီး ငါ့ကောင်လေး
ငါ့ကောင်လေးနဲ့လုပ်နေမှန်း တစ်ရပ်ကွက်လုံးသိတယ်
ဟိုက မင်းကို ပြန်မကြိုက်မှန်းလည်း တစ်ရပ်ကွက်လုံးသိတယ် "

"မား!!!!"

"ဘာလဲ ငါပြောတာ မဟုတ်လို့လား"

"မဟုတ်ဘူး လုံးဝမဟုတ်ဘူး
ကျန့်ကောကဖြင့် ကျွန်တော်နဲ့သူ့အကြောင်း
သူ့အိမ်ကိုတောင် ပြောပြီးနေပြီ"

"မင်းလိုက်နှောင့်ယှက်တဲ့ အကြောင်းနေမှာပေါ့"

"မားနော်"

"မမားနဲ့ သွား ရေသွားချိုးတော့"

"သွားမှာ သွားမှာ မသွားခင် မားကို တစ်ခုတော့ ပြောခဲ့မယ်
ကျန့်ကောဆီက တရားဝင်အဖြေရပြီးတာနဲ့
မားဆိုင်ကို ဖြိုချပစ်မယ် ဒါပဲ"

"ဟဲ့ ဝမ်ရိပေါ် $#*...^&#"

▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"ကော လာပြီလား
ကျွန်တော် ကောကို စောင့်နေတာကြာပြီ"

"ရိပေါ်...
တကယ်တော့ မနက်က ကိစ္စကလေ..."

"ပြော ကော ပြော
ကျွန်တော် နားထောင်နေတယ်"

"တကယ်တော့ ငါ မားကို မင်း
စက်ဘီးနဲ့လိုက်ပို့တာတွေ စကားတတ်တဲ့အကြောင်းတွေ နည်းနည်းပါးပါးပြောထားတာပါ"

"..."

"မင်း ဘာတွေတွေးနေလဲတော့ မသိဘူး
မင်းထင်သလို မဟုတ်..."

ရိပေါ် အိမ်ကမားကို နည်းနည်းတော့ ချဥ်သွားသည်။ကွက်တိပါပဲလား မာမားရယ်။

"ကော!"

"ကျွန်တော်ကတော့ ကောနဲ့ကျွန်တော့် အခြေအနေက အဆင့်တက်သွားပြီထင်လို့
ပျော်နေတာလေ"

"ရိပေါ်..."

"ရပါတယ် ကျွန်တော် နားလည်ပါပြီ
ကျွန်တော့်အခြေအနေကို ကျွန်တော်သိလိုက်ပါပြီ"

Tutti-Frutti || Completed ||Where stories live. Discover now