|| 5 ||

3.8K 711 4
                                    

||Unicode||

​"ရိပေါ် ထ ထ
ဆမ်ဆမ်ရောက်နေတယ်"

"အာ...ဘယ်ကဆမ်ဆမ်လဲ မသိဘူး"

"ဟဲ့ ဘာမသိတာလဲ ဟိုက မနက်အစောကြီး
လာစောင့်နေတာ နင်ခေါ်ထားလို့တဲ့"

ထိုအခါမှ ရိပေါ် သတိရသည်။
သူ ဆမ်ဆမ်ကို စကိတ်စီးသင်ပေးမယ်ပြောထားသည်။
ဆမ်ဆမ်က ရိပေါ်ထက် သုံးနှစ်ငယ်တဲ့ကောင်လေး၊ ဟိုနေ့က ရှောင်းကျန့်တို့အိမ်သွားချောင်းပြီး အိမ်မပြန်ပဲ ဆမ်ဆမ်တို့ဆိုင်ဘက်
သွားခဲ့သည်။
ဆမ်ဆမ်ကို အပြင်ခဏခေါ်ထုတ်ပြီး ရှောင်းကျန့်ကို ရေခဲမုန့်မရောင်းရင် စကိတ်စီးသင်ပေးမယ်ဟု ပြောတော့ ဆမ်ဆမ်က
ချက်ချင်းလက်ခံသည်။
ဆမ်ဆမ်ဆိုတဲ့ကောင်လေး ရိပေါ်စကိတ်စီးတာကို သိပ်သဘောကျနေတာ ရိပေါ်သိထားသည်လေ။

"လာခဲ့မယ်လို့ပြောလိုက်ပါ မား"

မားပြန်ထွက်သွားတာနဲ့ ရိပေါ်မျက်နှာခပ်သွက်သွက်သစ်ကာ စကိတ်ယူပြီး ထွက်ခဲ့သည်။ဆမ်ဆမ်က ဧည့်ခန်းထဲမှာ ငုတ်တုတ်ထိုင်စောင့်နေသည်။သူ့ကိုမြင်တော့ ထပြေးလာသည်။

"ကိုကြီးရိပေါ် ဒီနေ့ သားကိုသင်ပေးရမယ်နော် ၊ မနေ့က ကိုကြီးရှောင်းကျန့်စျေးလာဝယ်တော့ ရေခဲမုန့် မရှိဘူးလို့ ပြောလိုက်တယ်။ အိမ်က ကျဲကျဲသာသိရင် သားကို ခေါင်းခေါက်မှာဗျ"

"မင်းကျဲကျဲကလည်း ရေခဲမုန့်လေးတစ်ဘူးမရောင်းရတာနဲ့ ကိုယ့်မောင်ကို ခေါင်းခေါက်မယ်တဲ့လား"

"တခြားသူဆိုရင်တော့ ဘာမှမဖြစ်လောက်ပေမယ့် ကိုကြီးရှောင်းကျန့်ကိုပြောလိုက်တာလေ ။ကိုကြီးရှောင်းကျန့်သာ
ထပ်မလာတော့ရင် ဘယ်လိုနေမယ်မသိဘူး"

"ဘာလို့လဲ"

"ကျဲက ကိုကြီးရှောင်းကျန့်ကို ကြိုက်နေတာလေ"

"ဘာ..."

"ဆမ်ဆမ် ပြန်ပြောစမ်း"

"ကျဲကျဲက ကိုကြီးရှောင်းကျန့်ကို ကြိုက်နေတာလို့ သူ့သူငယ်ချင်းကို ဖုန်းဆက်ပြောနေတုန်းကြားခဲ့တာ၊ ကိုကြီးရိပေါ် စကိတ်စီးသင်ပေးမယ်လို့လာပြောတဲ့နေ့ကလည်း
သူ့သူငယ်ချင်းကို ပြောနေတာ ကိုကြီးရှောင်းကျန့်က အရမ်းချောတာပဲတဲ့"

Tutti-Frutti || Completed ||Where stories live. Discover now