|| 8 ||

3.6K 674 10
                                    

||Unicode||

စေ့ရုံစေ့ထားသော ခြံတံခါးကိုတွန်းဖွင့်ကာ အသာဝင်လိုက်သည်။

"ကိုကြီးရိပေါ် မကြောက်ဘူးလား"

"ဘာကိုကြောက်ရမှာလဲ"

"သူများအိမ်ထဲကို အသိမပေးပဲ ဝင်လာတာလေ ၊ သားက ကြံရာပါဖြစ်ဦးမယ်"

" အောင်မာ ဘာသူများအိမ်လဲ
ကျန့်ကောအိမ်ဆိုမှတော့ ငါ့အိမ်ပေါ့"

"ကိုကြီးရှောင်းကျန့်ကဖြင့် ပြန်မကြိုက်ပဲနဲ့များ"

"ဆမ်ဆမ် မင်း စကားသိပ်များတယ်
အသာလိုက်ခဲ့"

ခြံတံခါးဝကနေ အိမ်ဆီသို့ ခပ်သွက်သွက်လျှောက်သည်။
အိမ်ထဲကို မဝင်သေးပဲ တံခါးဝကနေ ခေါင်းပြူကြည့်လိုက်တော့ ဧည့်ခန်းထဲမှာ  အမျိုးသမီးတစ်ယောက် သိုးမွေးထိုးနေသည်။ကျန့်ကောမာမား ဖြစ်လိမ့်မည်။

"အိမ်ရှင်တို့ အိမ်ရှင်တို့"

"သြော် ဘာကိစ္စရှိလို့လဲ ကလေးတို့"

"ကျန့်ကောရှိလားခင်ဗျ
ကျွန်တော်က ဝမ်ရိပေါ်ပါ
ကျန့်ကော ကောင်လေးဆိုလည်း မမှားပါဘူး
သူကတော့ ဆမ်ဆမ်ပါ"

"သြော်... အေးအေး
လာ ဝင်လေ သား"

"ကျန့်ကောရှိလားဟင်"

"ကျန့်ကျန့်မရှိဘူးကွဲ့
သူ့သူငယ်ချင်းလာလို့ အပြင်ထွက်သွားကြတယ် ဘာသောက်ကြမလဲ"

"မသောက်တော့ပါဘူးခင်ဗျ"

"ကိစ္စရှိလို့လား သား
ကျန့်ကျန့် ပြန်လာရင် ပြောပေးမယ်လေ"

"ထွေထွေထူးထူးမရှိပါဘူးခင်ဗျ
ကိုယ့်ကောင်လေးအိမ်ကို မရောက်ဖူးသေးလို့
လာလည်တဲ့သဘောပါ
မားကိုလည်း နှုတ်ဆက်ချင်လို့"

"အေးပါကွယ် အေးပါ
မားကလည်း ရိပေါ်ကို တွေ့ချင်နေတာ"

"ဗျာ ကျွန်တော့်ကို တွေ့ချင်နေတာ
ဟုတ်လား မား"

"ဟုတ်တယ် သားရဲ့ အိမ်က ကျန့်ကျန့်က
သားတို့အကြောင်းတွေ ပြန်ပြောပြတယ်လေ"

"သြော် ကောက အိမ်ကိုတောင်ဖွင့်ပြောပြီးနေပါရောလား ကျွန်တော်ကတော့ အိမ်ကမားကို မပြောရသေးဘူးခင်ဗျ
ဒါပေမယ့် စိတ်ချပါ မားက သဘောတူမှာပါ
ပြီးမှ သားရေး သမီးရေး မှားလို့
သားရေး သားရေးဆွေးနွေးကြတာပေါ့"

Tutti-Frutti || Completed ||Where stories live. Discover now