|| 4 ||

4K 727 31
                                    

||Unicode||

ဆယ်နာရီခွဲတော့ ဆိုင်ရှေ့မှာရပ်လာတဲ့စက်ဘီးကြောင့် ရိပေါ်နှုတ်ခမ်းတွေ တွန့်ချိုးသွားသည်။

"It works.It's me."

ဆိုင်ထဲကိုဝင်လာတဲ့ ရှောင်းကျန့်နဖူးမှာ ချွေးတွေစို့နေသည်။

"ကျန့်ကော ရေသောက်လိုက်ပါဦး ရော့"

ရှောင်းကျန့်က မငြင်းပဲ ရေဘူးကိုယူကာ
တဂွတ်ဂွတ်သောက်ချသည်။

"ဖြည်းဖြည်းသောက်ပါ ကျန့်ကောရယ်
ကဲ ဘာအလိုရှိပါသလဲ ​​ပြောပါခင်ဗျ"

"ရေ...ရေခဲမုန့်"

ရိပေါ် ရေခဲမုန့်တစ်ဘူးထုတ်လိုက်ပြီး အိတ်နဲ့ထည့်ကာ ရှောင်းကျန့်ကိုကမ်းပေးလိုက်သည်။ရှောင်းကျန့်က ပိုက်ဆံရှင်းပြီး ချက်ချင်းပြန်ထွက်သွားသည်။
ရိပေါ်လည်း  ဆိုင်ရှေ့ကို အတင်းပြေးထွက်သည်။

"ကျန့်ကော..."

"မမြည်းတော့ပါဘူး"

"အမ်..."

ရှောင်းကျန့် စကားကိုရိပေါ် ရုတ်တရက်
နားမလည်။ ပြီးမှ သဘောပေါက်ကာ ပြုံးစိစိဖြစ်လာသည်။

"မဟုတ်ပါဘူး ကောရဲ့
ကောကို ပြန်လိုက်ပို့မယ်လို့ ပြောမလို့ပါ"

"ရပါတယ် လိုက်ပို့ဖို့မလိုပါဘူး
ကျေးဇူးပဲ"

"ကော ဒီလောက်မောနေတာကို စက်ဘီးနင်းဦးမလို့လား မပြောကောင်းမဆိုကောင်း
အမောဆို့ပြီး ကောနှလုံးတစ်ခုခုဖြစ်သွားရင်
ကျွန်တော် ရင်ကျိုးရမှာ"

"..."

"ကော နှလုံးသားလေးကို စောင့်ရှောက်ပေးဖို့
ကျွန်တော့်မှာ တာဝန်ရှိပါတယ် လာပါဗျာ
တက် "

ရိပေါ်က ပြောရင်းဆိုရင်း  စက်ဘီးပေါ် အတင်းတက်ခွသည်။
ရှောင်းကျန့်က ခဏစဥ်းစားနေပြီးမှ စက်ဘီးနောက်ခုံပေါ်တက်ထိုင်သည်။

"ကော လိမ့်ကျမှာကြောက်ရင် ကျွန်တော့်ခါးကို ဖက်ထားလို့ရပါတယ် ကျွန်တော်စိတ်မဆိုးတတ်ပါဘူး"

"ရတယ် မကြောက်ဘူး"

"ဟွန့်"

"..."

Tutti-Frutti || Completed ||Where stories live. Discover now