Chapter-2(Unicode)

3.5K 371 3
                                    

အတိတ်ကာလ

     Ma Weiအိမ်ကိုဒေါသတကြီးပြန်လာတော့ Jiang Yumianက ရုပ်ရှင်ကြည့်တဲ့အခန်းထဲမှာ ဇာတ်လမ်းကြည့်နေသည်။အပြာကားလို့ထင်ရသော ကာလာအရမ်းမှိန်တဲ့ ပြင်သစ်ရုပ်ရှင်းကားဟောင်းကို ကြည့်နေခဲ့၏။အမျိုးသားဇာတ်‌ဆောင်နှင့် သူ့အချစ်ဦးတို့ နမ်းရိုက်နေချိန်မှာ Ma Weiက အခန်းတံခါးကို အားနှင့်တွန်းဖွင့်လိုက်သည်။

"Jiang Yumian!"
သူမရဲ့ စူးရှလှတဲ့ အသံပါဝါက ‌ရုပ်ရှင်ထဲမှ အသံတွေကိုပါ လွှမ်းမိုးသွား၏
"မင်းအဆင့်တွေက ဘာလို့အဲ့လောက်တောင်ဆိုးဝါးနေတာလဲ ၊ ငါဒီနေ့ဘယ်လောက်တောင် အရှက်ရခဲ့လဲဆိုတာ သိရဲ့လား"

ဒီနေ့သည် Ma Wei ကျောင်းသားမိဘတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်တဲ့ ပထမဆုံးအကြိမ်ပဲဖြစ်သည်။အတန်းပိုင်ဆရာက တက်ရောက်ဖို့ ခေါ်လွန်းလို့ အလှပြင်ဖို့ ချိန်းထားတာဖျက်ပြီး သူမသားအတန်းကို နေ့လည်တစ်နာရီခွဲ  အရောက်လာခဲ့တာ။

သူမရောက်တော့ ဆရာက မိဘများနှင့်အတူ ကျောင်းသားတွေရဲ့အဆင့်ရလဒ်များကို  စင်မြင့်ပေါ်၌ စီစစ်နေသည်။Ma Weiက တံခါးရှေ့၌ မတ်တပ်ရပ်၍ တံခါးခေါက်ကာ မေးလိုက်၏
"ဆရာ Jiang Yumianက ဒီအတန်းမှာလားရှင်"

ဆရာက သူမကိုတစ်ချက်ကြည့်လိုက်ပြီး စာသင်ခန်းအလယ်က နေရာလွတ်ကို မေးငေါ့ပြလိုက်ကာ ဆက်လက်ပြီး စီစစ်နေသည်။ကျောင်းသားမိဘများ အကြည့်များအောက်မှာပင် Ma Weiက ဒေါက်ဖိနပ်စီးလျက် အတန်းထဲလျှောက်လာပြီး ဝင်ထိုင်လိုက်၏။
        
စားပွဲပေါ်၌ Jiang Yumian၏ အထက်တန်းဒုတိယနှစ် ပထမဆုံးပညာသင်နှစ်၏ လပတ်စာမေးပွဲ မှတ်တမ်းရှိနေသည်။အပေါ်ကနေ အောက်ထိ သူမခပ်မြန်မြန် ဖတ်လိုက်၏။အောက်ဆုံးက အတန်းအဆင့်သတ်မှတ်ချက် ၄၉ဆိုတာ မမြင်ခင်အထိ အမှတ်တွေဟာ ၈၀၊၉၀ပတ်လည်နှင့် အဆင်ပြေနေသေးသည်။

အဆင့်က အရမ်းကောင်းနေတယ်လို့ Ma Weiမခံစားရဘူး။ထို့ကြောင့် ခေါင်းလှည့်၍ ဘေးနားမှာ အာရုံစူးစိုက်စွာထိုင်နေသော ကျောင်းသားများကို နူးညံ့စွာမေးလိုက်၏
"ဒီအတန်းထဲမှာ ကျောင်းသားဘယ်နှစ်ယောက်ရှိလဲ"

Ze Mu Er Qi (择木而栖) Myanmar TranslationWo Geschichten leben. Entdecke jetzt