Chapter-7(Zawgyi)

799 62 0
                                    

တစ်ခါ နှစ်ခါ မကြာခဏဆိုသလို ဆောင်းရာသီအားလပ်ရက်အတွင်း Qin Hengဟာ Jiang Yumianအိမ်မှာ အိပ်လေ့ရှိတယ်။

Qi Yangကို သူကူညီပေးတဲ့ programကလည်း ပြီးသွားပြီဆိုတော့ အမှားရှာပြီးပြင်ဖို့လည်း အချိန်ပိုထွက်လာတာပေါ့။

Jiang Yumianသူ့ကို လာဖို့ခေါ်တဲ့ အကြောင်းအရင်းတွေဟာ ထူးဆန်းပြီးရင်း ထူးဆန်းလာတယ်။အချိန်တိုင်း Jiang Yumianဘာတွေလုပ်နေလဲဆိုတာကို မကြည့်ပဲမနေနိုင်ဘူး။Jiang Yumianကို စာဆက်သင်ဦးမလား ဆိုတဲ့မေးခွန်းကိုတော့ Qin Hengက အနောက်မှာထားထားတယ်။ကလေးတစ်ယောက်ကို အခြေ‌ခံသင်ပေးရုံပဲမလား၊ အချိန်သိပ်မယူလောက်ပါဘူး။

ကျောင်းစမဖွင့်ခင် နေ့လည်တစ်ခုမှာ Jiang Yumianက ညနေပိုင်း ညစာစားတာ အတူတူလိုက်ပေးဖို့ Qin Hengကို မက်ဆေ့ခ်ျပို့လာတယ်။

သူ့ရဲ့ အသံနေအသံထားအတိုင်း သူရေးထားတဲ့စကားလုံးတွေဟာ ရိုးရှင်းပါတယ်။စစချင်းမြင်တုန်းကတော့ သူကျင့်သားမရသေးဘူး၊ အချိန်ကြာလာတော့ အကျင့်ဖြစ်နေပါပြီ။ရုတ်တရတ် Jiang Yumianက emojiတွေနဲ့ ပို့လာမယ်ဆိုရင်တော့ ဒါကို သူခံနိုင်ရည်မရှိနိုင်လောက်ဘူး။

Qin Hengက ညနေပိုင်း Qi Yangနဲ့ ချိန်းဆိုထားတာကြောင့် Qin Hengက ဒီညတော့အားမှာမဟုတ်ကြောင်း၊ ကိုယ့်ဘာသာကိုယ်ပဲ စားလိုက်ဖို့ Jiang Yumianကို ဖုန်းဆက်လိုက်တယ်။

Jiang Yumianက အဆုံးထိဆွဲထားဖို့ ဆန္ဒမရှိပေမယ့် ကြာလာတော့ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်လာတယ်။Qin Hengက သူ့ကိုရက်စက်တာသိတာကြောင့် သူ့ကိုဂျီတိုက်ဖို့ နှစ်သက်လာပြီး အဆုံးမှာတော့ Qin Hengက အမြဲတမ်း ကတိပေးလာရတယ်။

ဒါပေမယ့် ဒီနေ့တော့မဖြစ်ဘူး၊ ဒီနေ့ Qin Hengမှာ အလုပ်ကိစ္စရှိတယ်။သူ Qi Yangနဲ့ ကြိုချိန်းထားတာ။Qi Yang ပါးစပ်ကစည်းမရှိတာကြောင့် ဖြူစင်တဲ့ Jiang Yumianကို အတူခေါ်လာဖို့မသင့်တော်ဘူး။

Qin Hengက စိတ်ဆိုးမာန်ဆိုးနဲ့ ဖုန်းချကာ coatအင်္ကျီဆွဲယူ၍ ထွက်သွားတယ်။

ကျောင်းစဖွင့်ဖွင့်ချင်းပဲ Li Chongက စာမေးပွဲပြန်ဖြေချင်နေပြီ။သူက ကျောင်းပြန်သွားပြီး စားပွဲမှာ ဂိမ်းကစားနေတယ်။Qin Hengထွက်သွားခါနီးက သူကအလျင်အမြန်ရပ်တန့်စေပြီး မေးလာတယ်
"ခေါင်းဆောင် ဘယ်သွားမလို့လဲထမင်း‌ရော စားပြီးပြီလား"

Ze Mu Er Qi (择木而栖) Myanmar TranslationWo Geschichten leben. Entdecke jetzt