Final (Unicode)

3.5K 373 16
                                    

Jiang Yumianသည် သူနေထိုင်ရာအိမ်၌ တစ်နှစ်ကျော်လောက်နေထိုင်ခဲ့ပြီး ကြောင်တက်ဘောင်ရောက်လာတော့ လှေကားအောက်မှာတပ်ဆင်ဖို့ နေရာရှင်းလင်းခဲ့တယ်။

Qin Hengက အလုပ်ပြီးတာနဲ့
နေ့တိုင်းအိမ်ပြန်ပြီး Jiang Yumianက အိမ်ရဲ့ အလှဆင်မွန်းမံမှုတွေဟာ ဒိတ်အောက်နေပြီဆိုကာ သူမကြိုက်တော့ဘူး လို့ပြောတာကြောင့် Qin Hengက အိမ်ပြုပြင်ဖို့ခေါ်ခဲ့တယ်။Qin Hengက အိမ်ဆိုရင်နေလို့ရရုံလို့တွေးပြီး ပြုပြင်မွန်းမံခြင်းကို နှစ်ပေါင်းများစွာကြာမှလုပ်လေ့ရှိပေမယ့် သူအိမ်ခေါ်လာတဲ့ Jiang Yumianပြောတာလောက် ဘာမှပိုအရေးမကြီးတာကြောင့် ပြောင်းလဲခဲ့တယ်။

Qi Yangမှာ Jiang Yumianကို အပြင်မှာတွေ့ဖို့ Qin Hengကို အကြိမ်များစွာအချိန်းအချက်ပြုခဲ့ရတယ်။လဝက်လောက်ကြာပြီးမှပဲ Qin Hengက Qi Yangကို အရသာ‌ ကောင်းမွန်ပြီး Jiang Yumianကြိုက်တတ်တဲ့ ချိုမြိန်တဲ့အရသာရှိတဲ့ စားသောက်ဆိုင်ကို ရှာထားခွင့်ပြုလာတယ်။

Qi Yangမှာ မျက်လုံးပြူးသွားပြီး မြင်ကွင်းကောင်းကောင်းရှိတဲ့ ကန်တန်စားသောက်ဆိုင်မှာ အော်ဒါမှာထားပေးဖို့ သူ့လက်ထောက်ကို အကူအညီတောင်းလိုက်တယ်။

Qi Yangက သူ့ကိုထမင်းစားဖိတ်ထားတာကြောင့် နေ့လည်ပိုင်းဝန်ထမ်းများ အလုပ်မဆင်းခင် နှစ်နာရီလောက်အလိုတွင် Qin Hengက Qi Yangရဲ့ရုံးခန်းရှေ့လျှောက်သွားပြီး ဒီနေ့Jiang Yumianကို သွားကြိုဖို့ အလုပ်စောစောဆင်းမယ်လို့ပြောလာတယ်။

"Jiang Yumianကို သူ့ဘာသာသူ စားသောက်ဆိုင်ကိုသွားဖို့ပြောရင် သူသေသွားမှာမလို့လား ဟမ်"
Qi Yangက စားပွဲခုံကိုပုတ်လိုက်တယ်။

Qin Hengက ပြန်ပြောလာတယ်
"သူမသေနိုင်ပေမယ့် ငါသေနိုင်တယ်"

Qi Yangက လမ်းလျှောက်လာကာ Qin Hengရှေ့က သူ့ရုံးခန်းတံခါးကိုတွန်းပိတ်လိုက်ပြီး Qin Hengကို သွားဖို့မောင်းထုတ်လိုက်တယ်။

အဲ့ဒီချိန်ကစပြီး ဥက္ကဌနှစ်ဦးကြားက သဘောထားကွဲလွဲမှု ကောလဟာလတွေဟာ ကုမ္ပဏီအတွင်း ပျံ့နှံ့လာခဲ့တယ်။

Qin Hengဟာ လေးနာရီလောက်မှာ ကုမ္ပဏီကထွက်လာပြီး Jiang Yumianက သဘာဝroll onကို သေတ္တာထဲထည့်ကာ ယူလာတော့ ခုနှစ်နာရီထိုးခါးနီးနေပြီ။Qi Yangမှာ အိပ်ပျော်လုနီးပါးဖြစ်နေကာ နောက်ဆုံး Qin Hengနဲ့ Jiang Yumianတို့ ဝင်လာတာမြင်တော့ အကူအညီမဲ့သွားရှာတယ်။

Ze Mu Er Qi (择木而栖) Myanmar TranslationHikayelerin yaşadığı yer. Şimdi keşfedin