Chapter-5(Unicode)

2.1K 318 4
                                    

Qin Hengချက်ကျွေးတဲ့ သက်ရှည်ခေါက်ဆွဲ စားပြီးတဲ့နောက်ပိုင်း Jiang Yumianက ရုတ်တရတ်စာသင်ရတာ နှစ်ခြိုက်လာတယ်။

ရက်အနည်းငယ်အကြာ Qin Hengက Jiang Yumianရဲ့ အိမ်စာတွေ စစ်ပေးနေတုန်း Jiang Yumianက အတန်းချိန်ထပ်တိုးချင်တယ်လို့ ပြောလာတယ်။
Qin Hengလည်း စိတ်လျှော့လိုက်ပြီး ဘာလို့ထပ်တိုးချင်ရတာလဲလို့ မေးလိုက်တယ်။

"ကျွန်တော်က စာသင်ချင်လို့ပါ ၊အဆင်ပြေတယ်မလား ဟင်"

Jiang Yumianက ဘောပင်ကိုကိုက်လျက် Qin Hengကို အမေးဆိုလာတယ်။သူက ကြည့်ကောင်းရုံလေးပဲ၊ Qin Hengက သူ့အိမ်စာ စာအုပ်ကို ယူလိုက်ပြီး Jiang Yumianကို သူတွက်ထားတာတွေ အားလုံးမှားနေကြောင်းပြလိုက်တယ်။

အခြေခံလောက်တော့ သူ့ဘာသာသူ သဘောပေါက်သင့်တယ်လို့ Qin Heng ထင်တယ်။Tutorဆရာလေးက အကြိမ်အနည်းငယ် ထပ်လာပြီးနောက် နောက်ထပ်လိမ်လည်လှည့်စားမှုတွေ မတွေ့ရတော့ဘူး။ဒါ့အပြင် သူ့မှာလည်း အချိန်ပိုသိပ်မရှိတာကြောင့် အပေးအယူလုပ်ဖို့ စဉ်းစားလိုက်ပြီး သင်ခန်းစာအပိုတွေ ထပ်မထည့်သေးဘဲ အရင်တိုင်းပဲ Jiang Yumianကို အိမ်စာတွေပေးကာ နောက်လပတ်စာမေးပွဲမှာ တိုးတက်လာသည်ကို စောင့်ကြည့်ဦးမယ်လို့‌ ပြောလာတယ်။

Jiang Yumianက မျှော်လင့်ချက်ကြီးစွာနဲ့ နာခံကာ ခေါင်းငြိမ့်ပြီး သူစာကြိုးစားရမယ်လို့ အခိုင်အမာဆိုကာ
Qin Hengကိုလည်း လစာအပိုထပ်ပေးဦးမယ်လို့ ဆိုလာတယ်။Qin Hengက သူ့ကိုအေးစက်စက်ပြန်ကြည့်လာတာကြောင့် သူ့မှာစကားတောင် မပြောရဲတော့ဘူး။

Qin Hengလည်း သူ့ကိုနားလည်မှုမလွဲစေဖို့အတွက် ချစ်ခြင်းမေတ္တာငတ်နေတဲ့ ဒီဆယ်ကျော်သက်ကောင်လေးကို ဘယ်လိုဆက်ဆံရမလဲ မသိတော့ပါဘူး။သူ့မှာ Jiang Yumianကို ဘာလုပ်ရမယ်ဆိုတာ သေချာမသင်ပေးနိုင်တာကြောင့် Ma Weiပေးထားတဲ့ လစာကိုယူဖို့တောင် ယုံကြည်ချက်အပြည့်အဝမရှိဘူး။အခုတော့ စာသင်ဖို့ဆန္ဒရှိလာတဲ့ Jiang Yumianကြောင့် နည်းနည်းသက်တောင့်သက်သာ ခံစားလာရတယ်။

Jiang Yumianရဲ့ အကြီးမားဆုံးပြဿနာက စာညံ့တာမဟုတ်ဘဲ ပုံမှန်မဟုတ်တဲ့ နေထိုင်မှုဘဝပုံစံ စံနှုန်းကြောင့်လို့ Qin Hengခံစားရပေမယ့် အဲ့တာတွေက သူလုပ်ပေးနိုင်တာတွေထက် ကျော်လွန်နေပြန်တယ်။

Ze Mu Er Qi (择木而栖) Myanmar TranslationDove le storie prendono vita. Scoprilo ora