Chapter-11(Unicode)

2.5K 378 9
                                    

Jiang Yumianက Qin Hengနဲ့ လုံးဝအဆက်အသွယ်ဖြတ်ပြီး Lichengကနေ ပြန်လာခဲ့တယ်။သူက Qin Heng နဲ့တွေ့ဆုံပြီးနောက်ပိုင်း ပြည်နယ်ကိုပြန်လာကာ စကားတွေပြောရတာမနှစ်သက်တော့ဘူး။Fan Yichiတစ်ယောက်ကသာ သူ့ကိုစကားပြောနိုင်တော့တယ်။

Fan Yichiက Jiang Yumianကို သူအမိဖမ်းချင်တဲ့သူနဲ့ တွေ့လားလို့ ရယ်ရယ်မောမောမေးလာတယ်။

Jiang Yumianက SATမေးခွန်းတွေလုပ်နေပြီး ဇန်နဝါရီကျရင် ကျွန်းHမှာ စာမေးပွဲဖြေရမယ်။သူက စက္ကူအလွတ်ကိုင်ထားတယ်ဆိုတဲ့ အိပ်မက်ကိုခဏခဏမက်ခဲ့တယ်။

Fan Yichiမေးတာကြားတော့ Jiang Yumianက ခေါင်းမော့မလာဘဲ မေးခွန်းတွေဆက်လေ့ကျင်နေတယ်။Fan Yichiက သူမဖြေတော့ဘူးလို့ထင်တဲ့အချိန်မှာ Jiang Yumianက စာရွက်လှန်ကာ ပါးစပ်ဟလာတယ်။

သူ့အသံက တော်တော်‌တိုးတာကြောင့် သေချာဂရုစိုက်နားမထောင်ရင်မကြားနိုင်ဘူး၊သူပြောလိုက်တာက
"မေ့လိုက်တော့"

Fan Yichiက ရှင်းရှင်းလင်းလင်းမကြားတာကြောင့် Jiang Yumianဘာတာပြောလဲလို့ မေးလာတယ်။

"ငါပြောတာက မေ့လိုက်တော့"
Jiang Yumianက အစမ်းမေးခွန်းလွှာအစုံကိုကြည့်နေရင်း ထပ်ဖြေလာတယ်။

Fan Yichiက လက်ထဲက ဘောပင်ကိုရပ်လိုက်ပြီး Jiang Yumianကို ကြည့်ဖို့ သူ့မျက်နှာကိုလှည့်လိုက်တယ်။Jiang Yumianရဲ့ မျက်လုံးတွေက အောက်စိုက်ထားပြီး မျက်နှာမှာ ခံစားချက်ကင်းမဲ့နေတယ်။Jiang Yumianက ငိုတဲ့သူတွေနဲ့စာရင် ပိုပြီး မသက်မသာဖြစ်နေတယ်လို့ Fan Yichiခံစားရတယ်။

Fan Yichiက မေးခွန်းပြောင်းလိုက်ပြီး
"Yumian မင်းမွေးနေ့က လာတော့မှာမလား၊ နောက်တစ်ပတ်တနင်္ဂနွေဆိုလေ "

Jiang Yumianက အံ့ဩသွားပြီး ရက်ကိုရေကြည့်တော့ တကယ်ကြီးဖြစ်နေတယ်။

"ဟေး ကောင်းကောင်းမွန်မွန်ကျင်းပရမယ်၊ မင်းမွေးနေ့အတွက် ငါစားသောက်ဆိုင်မှာ ဘွတ်ကင်ချိတ်ထားပေးမယ်လေ"
Fan Yichiက သူ့ဖုန်းကိုထုတ်လိုက်ပြီး စားသောက်ဆိုင်တွေရှာကြည့်တယ်
"ဘယ်လို အစားအစာမျိုး မင်းကြိုက်လဲ၊ အနောက်တိုင်းလား တရုတ်စာပဲလား"

တစ်စုံတစ်ယောက်က သူ့မွေးနေ့မှာ သူနဲ့အတူ ကုန်ဆုံးပေးမယ်ဆိုတာ Jiang Yumianကြားတော့ သူ့စိတ်အခြေအနေက နည်းနည်းမြင့်တက်လာတယ်
"အားလုံး ကောင်းပါတယ်"

Ze Mu Er Qi (择木而栖) Myanmar TranslationDonde viven las historias. Descúbrelo ahora