Chapter-1 (Zawgyi)

2.2K 109 1
                                    

" Mr.Qinဒါက ကျွန်တော်တို့ မဂ္ဂဇင်းတွေထားတဲ့စတိုခန်းပါ။1965ခုနှစ်တည်းက တည်ဆောက်ထားပြီး မနှစ်ကမှ အပူပေးစနစ်တပ်ဆင်ကာ ပြန်လည်မွမ်းမံထားတာ"

စာကြည့်တိုက်တာဝန်ခံက သစ်သားတံခါးကိုတွန်းဖွင့်လိုက်‌သောအခါ စာအုပ်ဟောင်းတွေရဲ့ အနံ့အသက်တွေဟာ လေပူနဲ့ရောပြီး ပါလာတာကြောင့် Qin Hengရဲ့ နှာခေါင်းကို ယားယံသွားစေခဲ့၏။

Licheng စာကြည့်တိုက် တာဝန်ခံက အထဲဝင်‌ဖို့ ဖိတ်ခေါ်သောကြောင့် Qin Hengက ယဉ်ကျေးစွာနဲ့ ခေါင်းငြိမ့်လိုက်ပြီး တာဝန်ခံဝင်သွားတဲ့အထဲကို တစ်ချက်ကြည့်လိုက်သည်။
တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့နောက်ပိုင်း Qin Henတစ်ယောက် အလုပ်များနေသောကြောင့်  လွန်ခဲ့တဲ့ရှစ်နှစ်လုံးလုံး Lichengကို ပြန်မလာဖြစ်ခဲ့ဘူး။ဒီနှစ်မှပင် အားလပ်ချိန်ရ၍ ပြန်လာဖို့ ဆုံးဖြတ်ခဲ့၏။သူဟာ အောင်မြင်မှုတွေနှင့်အတူဝတ်ကောင်းစားလှဝတ်ပြီး မွေးရပ်မြေပြန်ကာ တစ်ပတ်ကျော်ကျော်လောက် လှည့်ပတ်လျှောက်ကြည့်ရင်း နေရစ်သည်။ သူ့တူမလေးက မြို့နယ်စာကြည့်တိုက်လေးဟာ သေးငယ်ပြီး ကျိုးပဲ့ပျက်စီးနေပြီဟု ပြောသံကြားလို့  ဒီဒေသလေးမှာ စာကြည့်တိုက်အသစ်ဆောက်ရန် ရင်းနှီးမြှုပ်နှံဖို့ဆုံးဖြတ်လိုက်တယ်။

သူအစကတော့ ငွေကြေးလှူဒါန်းပြီး ထွက်သွားမလို့ပါပဲ။တောင်အကျော်မြို့ကနေပဲ လေယာဉ်စီးပြီး S cityမြို့တော်ကို ပြန်ဖို့လုပ်ထားတာ။
ဟိုတယ်အဆောက်အအုံ အပြင်ဘက်က နှစ်တစ်ရာသက်တမ်းရှိတဲ့ ထင်းရှူးတောကြားက တဖွဲဖွဲကျနေတဲ့ နှင်းတွေမြင်ရဖို့ မနက်စောစောထပြီး ခန်းစီးလိုက်ကာတွေကို ဖွင့်လိုက်တယ်။

နှစ်သစ်ကူးကိုးရက်မြောက်နေ့မှာ Lichengစာကြည့်တိုက်က တစ်ညလုံးနှင်းတွေကျပြီး ပိတ်သွားခဲ့တယ်။အထဲကလူကအပြင်ထွက်မရ၊ အပြင်ကလူကလည်း အထဲဝင်လို့မရဖြစ်နေရှာသည်။
ထိုသို့ဖြစ်‌နေသောကြောင့် လွန်ခဲ့တဲ့ရက်အနည်းငယ်က Lichengရဲ့ စာကြည့်တိုက်တာဝန်ခံက Qin Hengကိုတွေ့ဖို့ခဏခဏ ဆက်သွယ်ခဲ့တယ်။သူက သူနဲ့အတူ ထမင်းလက်ဆုံ စားချင်တယ်ဆိုတဲ့အကြောင်း အဆင်ပြေမလားလို့ တောင်းဆိုခဲ့၏။Qin Hengလည်း ထိုအကြောင်းကိုတွေးလိုက်ပြီး ပြခန်းတာဝန်ခံရဲ့ ချိန်းဆိုချက်ကို လက်ခံလိုက်သည်။

Ze Mu Er Qi (择木而栖) Myanmar Translationحيث تعيش القصص. اكتشف الآن