Chapter-10(Unicode)

2.2K 322 2
                                    

Jiang Yumianသည် Qin Hengနဲ့ သူဝေးကွာလာကြာတာကို လဝက်လောက်အကြာမှာ တွေ့ရှိခဲ့တယ်။

စစချင်းသိပ်မသိတာပေမယ့် Qin Hengက Jiang Yumianနဲ့ ပတ်သက်ပြီးသတင်းတွေကို တဖြည်းဖြည်းလျှော့ချပစ်လာတယ်။သူမအားဘူးဆိုပြီး ရှောင်တိမ်းနေကာ ဂိုက်အလုပ်ကိုလည်း ရပ်နားပစ်ခဲ့တယ်။နောက်ကျတော့ ဖုန်းလည်းပြန်မဖြေတော့ဘူး။သူက ဖုန်းကောလ်တွေအများကြီးခေါ်ပြန်တော့လည်း ယဉ်ကျေးစွာပဲ ဘာကိစ္စရှိလို့လဲလို့ပဲ မေးလာတယ်။

သူဘယ်လောက်ပဲ တုံးအပါစေ Qin Hengသူ့ကိုရှောင်နေတယ်ဆိုတာတော့ သူသိတယ်။သူ Qin Hengကို ထပ်ခေါ်ပေမယ့် မဖြေဘူး။သူဖုန်းမခေါ်ခင် ဖုန်းမျက်နှာပြင်ပေါ်မှာပေါ်နေတဲ့ နာမည်ကိုကြည့်ပြီး ဧည့်ခန်းထဲမှာ ခဏလောက်ကြာအောင်ထိုင်နေခဲ့တယ်။အရင်က Qin Hengလိုပြန်ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ Jiang Yumianမသိပေမယ့် သူQin Hengကို နှောင့်ယှက်နေတာတွေရပ်တန့်လိုက်တယ်။

Jiang Yumianနဲ့ မတွေ့ရတာကို အသားကျသွားတဲ့ စက်တင်ဘာလကုန်တစ်ရက်မှာ မမျှော်လင့်တဲ့ ဖုန်းကောလ် တစ်ခုလက်ခံရရှိခဲ့တယ်။

အဲ့တာကတော့ အမျိုးသားနေ့မှာ ပြန်လာဖို့ပြောတဲ့ သူ့ဦးလေးပဲ။Qin Hengလည်း အမျိုးသားနေ့မှာ လုပ်စရာအများကြီးမရှိတာကြောင့် အဲ့မှာဘာလုပ်ဖို့ရှိလို့လဲလို့ သူ့ဦးလေးကိုမေးလိုက်တယ်။သူ့ဦးလေးက ခဏလောက်တန့်သွားပြီးနောက် သူ့အကိုလက်ထပ်တော့မှာဖြစ်တာကြောင့် လက်ထပ်ပွဲမှာပြန်လာကူဖို့ပြောတယ်။

Qin Heng အဲ့တာကိုကြားတော့ အဓိကအကြောင်းအရင်းက ကူညီပေးဖို့ဖြစ်တယ်။သူ့အကိုက လက်ထပ်ပြီး အကူအညီတောင်းတာ မှန်ပါတယ်။ဒါကြောင့် သူသဘောတူလိုက်ပြီး Lichengကို သွားတဲ့ရထားကိုဘွတ်ကင်ချိတ်လိုက်တယ်။

နိုဝင်ဘာလ ပထမဆုံးရက်မှာ Fan Yichiက အိမ်မှာအကြာကြီးနေပြီး ပျင်းရိငြီးငွေ့နေတဲ့ Jiang Yumianကို အပြင်ထွက်ဖို့ခေါ်တယ်။

Jiang Yumianက ဘာမှမတတ်‌ပေမယ့် Fan Yichiက သူ့ကို ဗွီဒီယို ဂိမ်းကစားဖို့ခေါ်တယ်။နှစ်ကြိမ်မြောက်စွန့်စားခန်းမှာ သူက ကျည်ဆန်မိုးတွေကြားထဲ အိပ်ပျော်သွားတာကြောင့် Fan Yichiက ဒေါသထွက်သွားပြီး သူ့ကိုလှုပ်နိုးလာတယ်
"Yumian!"

Ze Mu Er Qi (择木而栖) Myanmar TranslationOnde histórias criam vida. Descubra agora