"Omma ကျွန်တော်သွားပြီ"
"အေး ကျောင်းပဲတန်းသွားနော် ဘယ်မှမဝင်နဲ့"
"ဟုတ်ကဲ့ပါ ကားယူသွားတယ်နော်"
"ဟဲ့ မယူရဘူး ဟဲ့ သားငယ်..."
Mrs.Jeon ရဲ့ခေါ်သံကိုမသိကျိုးကျွန်ပြုကာကားသာ့ကိုကောက်ယူပြီး Jungkook ထွက်လာခဲ့သည်...
Jeon Jungkook,အသက် 20နှစ်၊Seoul National University ရှိ Art major မှာတက်ရောက်နေသည့်ကျောင်းသားတစ်ယောက်၊Sunshine cosmetics company ပိုင်ရှင် Mr.Jeon နဲ့ Mrs.Jeon တို့ရဲ့တစ်ဦးတည်းသောသား....လူအများသိကြတာကတော့အပျော်အပါးမက်လွန်းသည့်ကောင်လေးတစ်ယောက်.....Jungkook ကအပျော်အပါးမက်သလိုအနည်းငယ်လည်းရိုင်းသည်...မိဘစကားဆိုလည်းနားမထောင်သည်ကများသည် Mrs.Jeon ကိုဆိုလုံးဝမကြောက်ပေ....Mr.Jeon ကိုတော့နည်းနည်းရှိန်လေသည်...
အခုလည်း Mr.Jeon ကအလုပ်ကိစ္စနဲ့ New York ကိုသွားနေတာကြောင့် Jungkook ဆိုးချင်တိုင်းဆိုးနေခြင်းဖြစ်သည်...အသောက်အစားဆိုလည်းသူရှေ့ဆုံးကဖြစ်သည်...ဘယ်အရာကိုမှလေးလေးနက်နက်မထားတတ်တာကိုကသူ့ရဲ့အလေ့အကျင့်ဖြစ်နေလေသည်....ကားမောင်းရာတွင်လည်းဂရုတစိုက်မမောင်းတာကြောင့် Jungkook ကြောင့်ပျက်စီးသွားသည့်ကားတွေဆိုတာမနည်းပေ...ထို့ကြောင့် Mr.Jeon က Jungkook ကိုကားအသုံးပြုခွင့်ပိတ်ထားခြင်းဖြစ်သည်...သို့သော်အခု Mr.Jeon အိမ်မှာမရှိတာကြောင့် Jungkook တစ်ယောက်လွတ်လပ်ရေးရနေလေသည်...
"ဟယ်လို..."
ကားထဲကိုဝင်ထိုင်ကာကားစက်နှိုးရင်း Homin ကိုဖုန်းဆက်ကာ Jungkook ပြောသည်...
"ဟယ်လို...Homin ငါလာနေပြီနော်"
"အေးအေး..."
"ဒါပဲ.."
"ဒါပဲ ဒါပဲ"
နာရီဝက်လောက်မောင်းမှရောက်မဲ့ခရီးကိုဆယ့်ငါးမိနစ်ထဲနဲ့ရောက်အောင် Jungkook ကားကိုအမြန်မောင်းနေလေသည်....မီးပွိုင့်နီနေသောအခါအရှိန်လျော့လိုက်ပေမယ့်လိုရာခရီးကိုအမြန်ရောက်ချင်တာကြောင့်ကားကိုအရှိန်ပြန်တင်ကာမောင်းလေတော့သည်...ထိုအခါလမ်းရဲ့တစ်ဖက်ကထွက်လာသည့်ကားရဲ့ဘေးကိုတည့်တည့်ကြီးဝင်ဆောင့်လေတော့သည်...
YOU ARE READING
𝐿𝑜𝑣𝑒 𝑆𝑜𝑙𝑢𝑡𝑖𝑜𝑛
Fanfiction𝚃𝚑𝚎𝚢 𝚕𝚘𝚘𝚔𝚎𝚍 𝚊𝚝 𝚎𝚊𝚌𝚑 𝚘𝚝𝚑𝚎𝚛 𝚊𝚜 𝙴𝙽𝙴𝙼𝚈 𝚞𝚗𝚝𝚒𝚕 𝚝𝚑𝚎𝚢 𝚛𝚎𝚊𝚕𝚒𝚣𝚎𝚍 𝚝𝚑𝚎𝚢 𝙻𝙾𝚅𝙴𝙳 𝚎𝚊𝚌𝚑 𝚘𝚝𝚑𝚎𝚛......☁︎︎