"ယောကျာ်းပြန်လာပြီလား..."
ကားပေါ်ကဆင်းလာသည့် Mr. Jeon ရဲ့လက်ထဲက ပိုက်ဆံအိတ်ကို Mrs.Jeon လှမ်းယူရင်းမေးသည်
"အေး သားရော..."
"သူ့အခန်းထဲမှာ..."
ထိုအခါ Mr.Jeon က Jungkook ရဲ့အခန်းဆီကိုသွားလေသည်...အခန်းတံခါးကိုဆွဲဖွင့်လိုက်သောအခါအပြင်သွားဖို့ပြင်ဆင်နေသည့် Jungkook ကိုမြင်လိုက်ရသည်...
"ဟေ့ကောင် ဒါဘယ်လဲ"
"အာ...Appa ပြန်ရောက်လာပြီလား"
အခန်းတံခါးကိုမှီထားကာလက်ပိုက်ရင်းသူ့အားစိုက်ကြည့်နေသည့် Mr.Jeon ကိုကြည့်ကာ Jungkook မျက်နှာကိုပြုံးစိစိလုပ်ရင်းပြောသည်
"ဟုတ်တယ် ကိုယ့်အဖေပြန်ရောက်လာတာကိုလာကြိုမယ်တော့မရှိဘူး အားတိုင်းယားတိုင်းအပြင်သွားဖို့ပဲစဉ်းစားနေတယ် ဟုတ်လား"
"Appa ကလည်း...မဟုတ်ပါဘူး"
"တိတ်!!ပြောလိုက်ရင်အမြဲတမ်းဆင်ခြေတွေနဲ့ မနက်ဖြန်မင်းကျောင်းပိတ်တယ်မလား..."
"ဟုတ် Sunday လေ"
"အေး မနက်ဖြန်ဘယ်မှသွားဖို့မစဉ်းစားနဲ့ နေ့လည်ကျရင်ငါနဲ့အပြင်လိုက်ခဲ့ရမယ်"
"အာ...မနက်ဖြန်ကျရင် Homin တို့နဲ့ချိန်းထားတာရှိတယ်..."
"ဖျက်လိုက်"
"Appa!!"
"Jungkook ဘာမှဆက်မပြောနဲ့ ငါပြောတဲ့အတိုင်းလုပ် ကြားလား!"
အသံမာမာနဲ့အော်လိုက်သည့် Mr.Jeon ကြောင့် Jungkook ဘာမှဆက်မပြောနိုင်တော့ဘဲခေါင်းညိမ့်လိုက်ရသည်...
"ဟုတ်...."
.
.
.
"ဟယ်လို...""ဟယ်လို Omma"
"ဒီနေ့ည အိမ်ပြန်အိပ်မှာလား"
"အာ...မသေချာဘူး Omma...ဘာလို့လဲ"
"မဟုတ်ပါဘူး ဒီတိုင်းမေးကြည့်တာ အရမ်းကြီးအပင်ပန်းမခံနဲ့နော်"
"ဟုတ် Appa ပြန်ရောက်ပြီလား Omma..."
Mr.Kim က New York မှာကျင်းပတဲ့ Makeup and fashion show ကို Taehyung အစားသွားတက်ပေးနေရခြင်းဖြစ်သည်...Company အတွက်အကျိုးရှိတာကြောင့်သွားရောက်တက်ပေးခြင်းဖြစ်သည်...
YOU ARE READING
𝐿𝑜𝑣𝑒 𝑆𝑜𝑙𝑢𝑡𝑖𝑜𝑛
Fanfiction𝚃𝚑𝚎𝚢 𝚕𝚘𝚘𝚔𝚎𝚍 𝚊𝚝 𝚎𝚊𝚌𝚑 𝚘𝚝𝚑𝚎𝚛 𝚊𝚜 𝙴𝙽𝙴𝙼𝚈 𝚞𝚗𝚝𝚒𝚕 𝚝𝚑𝚎𝚢 𝚛𝚎𝚊𝚕𝚒𝚣𝚎𝚍 𝚝𝚑𝚎𝚢 𝙻𝙾𝚅𝙴𝙳 𝚎𝚊𝚌𝚑 𝚘𝚝𝚑𝚎𝚛......☁︎︎