Part-8

1.6K 188 13
                                    

"ဟယ်လို..."

"Jeon Jungkook!!မင်းမလာသေးဘူးလား လေယာဉ်ကထွက်တော့မှာ!တောက်!!"

ဒီနေ့က Italy ကိုသွားရမည့်နေ့ဖြစ်သည်...Mr.Jeon အား Italy ကို Jungkook မလိုက်ဘူးဆိုတဲ့အကြောင်းကို Taehyung ပြောပြသောအခါ Mr.Jeon ကလိုက်ရမည်ဟုအမိန့်ထုတ်လိုက်လေသည်...အခုလည်း Taehyung ကလေဆိပ်မှာရောက်နှင့်နေပြီဖြစ်သည်...Jungkook ကအခုထိရောက်မလာသေးချေ...ထို့ကြောင့် Jungkook ကို Taehyung ဖုန်းဆက်နေခြင်းဖြစ်သည်....

"လာနေပြီ ခင်ဗျားဘယ်လိုဖြစ်နေလဲ လေယာဉ်ထွက်သွားတော့လည်းမသွားရုံပေါ့"

"Jeon Jungkook!!မြန်မြန်လာခဲ့"

"ဟာ...လာနေတာပဲလို့ ကျစ်"

ထိုသို့ပြောကာ Jungkook ဘက်ကနေစ၍ဖုန်းချလိုက်လေသည်...Taehyung ကတော့ဒေါသလည်းထွက်သလို၊Jungkook ကိုအမြင်လည်းကတ်လှပြီဖြစ်သည်....
ဆယ်မိနစ်လောက်ကြာတော့ Jungkook ရောက်လာလေသည်...

"ဘယ်မှာလေယာဉ်ထွက်လို့လဲ စောက်ပိုတွေ"

"လေယာဉ်ချိန်နီးနေပြီလေ မင်းကန်းနေလား သွားစို့"

ထို့နောက် Taehyung နဲ့ Jungkook လေယာဉ်ပေါ်သို့တက်ခဲ့လေသည်...
.
.
.
"Hello Sir,what can I help you?"

"I would like to take a room..."

"Oh sure!Did you make a reservation,Sir?"

"Yeah,I made a reservation for suite room,room no.7."

"Okay,please wait a minute....Sir."

Italian receptionist ကောင်မလေးက reservation list ထဲမှာလိုက်ရှာနေလေသည်...Taehyung လည်း ကောင်တာမှာလက်ထောက်ထားရင်းအနောက်ကိုလှည့်ကြည့်လိုက်သောအခါ luggage တွေဘေးမှာချကာထိုင်ခုံပေါ်မှာမျက်လုံးမှိတ်ထားကာစားပွဲပေါ်ကိုခြေထောက်တင်ထားရင်းနားနေသည့် Jungkook ကိုမြင်လိုက်ရသည်...သူကိုယ်တိုင်ပင်မသိလိုက်ခင်မှာပင် Taehyung ရဲ့မျက်နှာပေါ်မှာအပြုံးတစ်ပွင့်ဖြစ်ပေါ်လာလေသည်....

"Oh!Here it is.Reservation for room no.7 with the name,Kim Taehyung.Right Sir?"

"Yeah,that's me."

"Yes Sir,here is your key.Enjoy your stay here Sir."

"I will.Thank you."

"Thank you Sir."

receptionist ဆီကသော့ကိုယူပြီးနောက် luggage တွေကို ဟိုတယ်ဝန်ထမ်းကောင်လေးဆီပေးထားခဲ့လေသည်...ထို့နောက် Jungkook ကိုနှိုးကာအခန်းဆီကိုထွက်ခဲ့လေသည်...

𝐿𝑜𝑣𝑒 𝑆𝑜𝑙𝑢𝑡𝑖𝑜𝑛Where stories live. Discover now