"Jeon Jungkook!!မင်းအခုအချိန်ထိမထသေးဘူးလား
ငါနဲ့လိုက်ခဲ့ရမှာ ထတော့!"မနေ့ညကအရက်အရှိန်ကြောင့် 10 နာရီထိုးသည်အထိမထသေးသည့် Jungkook ကို Taehyung အခန်းအပြင်ကနေအော်နှိုးနေလေသည်...အစကတော့အိပ်ပါစေ၊အချိန်တန်ရင်ထလာမှာပဲလေဆိုပြီးတော့သည်းခံထားပေမယ့်သူထင်ထားသည့်အချိန်ထက်လွန်လာတော့စိတ်တိုလာလေသည်....
မနေ့ညက Jungkook နဲ့နမ်းပြီးနောက်အိပ်ရာထဲကိုဘယ်လိုရောက်ကာအိပ်ပျော်သွားမှန်း Taehyung မမှတ်မိချေ...သူမှတ်မိတာ Jungkook ရဲ့နီရဲရဲနှုတ်ခမ်းအရသာပဲဖြစ်သည်...မနက်အိပ်ရာနိုးလာတော့ပထမဆုံးမျက်လုံးထဲမှာမြင်လာတာ Jungkook ရဲ့နှုတ်ခမ်းနဲ့မနေ့ညကအဖြစ်အပျက်ဖြစ်သည်....Jungkook ကိုဘာကြောင့်နမ်းလိုက်မိမှန်း Taehyung သေချာမသိပေမ ယ့်အသေအချာပြောနိုင်တာကတော့အဲ့အချိန်တုန်းက Jungkook ရဲ့နှုတ်ခမ်းတွေကိုခံစားကြည့်ချင်ခဲ့လွန်းလို့ဖြစ်သည်....Jungkook ကိုချစ်နေတာလား၊စိတ်ကစားရုံသက်သက်ပဲလားဆိုတာကို Taehyung သဲသဲကွဲကွဲမသိပေမယ့် Jungkook ကိုပိုင်ဆိုင်ချင်သည့်စိတ်ကတော့တဖြည်းဖြည်းနဲ့ကြီးထွားလာခဲ့သည်...ပိုင်ဆိုင်ချင်တာဟာအချစ်ဆိုရင်တော့ Jungkook ကို Taehyung ချစ်မိနေလေပြီဖြစ်သည်....
မနက် 6 နာရီလောက်ကတည်းကနိုးနေကာအတွေးပေါင်းစုံဖြင့် Taehyung ခေါင်းမူးနေလေသည်...သူ့ခံစားချက်တွေကိုစီစစ်နေသည့်အချိန်အတောအတွင်း Jungkook ကိုအရင်ကလောက်တင်းကျပ်မာထန်ကာမဆက်ဆံတော့ဘူးဟုဆုံးဖြတ်ထားသော်လည်းဖြစ်နိုင်မည်မထင်ချေ...Jungkook ကအချိုးပြောင်းမည့်ပုံစံမဟုတ်ချေ....
"ဟာ....ဘာလဲဗျာ ခင်ဗျားဘာသာခင်ဗျားသွားလိုက်ပါ့လား ကျစ်"
အခန်းအတွင်းထဲကနေပြောဆိုကာ Jungkook တံခါးလာဖွင့်နေလေသည်...ထိုအခါတံခါးရှေ့မှာရပ်နေသည့် Taehyung ကိုမြင်သောအခါမျက်မှောင်ကြုတ်ကာတံခါးဘောင်ကိုမှီကာငိုက်နေလေသည်...Jungkook အခန်းထဲကထွက်လာသည့်အခါပြောဆိုဖို့ Taehyung အားခဲထားပေမယ့်အခန်းအတွင်းကထွက်လာသည့် Jungkook ကိုမြင်သောအခါရေငတ်သလိုလိုဖြစ်လာလေသည်...
Jungkook ဟာအခုမှအိပ်ရာထလာတာကြောင့်မျက်နှာကဖောင်းကစ်နေလေသည်...ထို့အပြင်မနေ့ညကနမ်းထားသည့်ဒဏ်ဖြစ်သည့်နှုတ်ခမ်းဟာလည်းနီရဲကာလုံးအစ်နေလေသည်...ဘာကြောင့်မှန်းမသိ Jungkook ထွက်လာကတည်းက Taehyung ရဲ့အကြည့်တွေကဟာလည်းထိုနှုတ်ခမ်းကိုပဲဝေ့လည်၍ကြည့်နေလေသည်...ထိုသို့ကြောင်တောင်တောင်နဲ့တံတွေးမျိုချကာ Jungkook ရဲ့နှုတ်ခမ်းကိုငေးကြည့်နေပြီးနောက် Taehyung ကိုယ့်ကိုကိုယ်အပြစ်တင်ကာအကြည့်လွှဲလိုက်သည်....
YOU ARE READING
𝐿𝑜𝑣𝑒 𝑆𝑜𝑙𝑢𝑡𝑖𝑜𝑛
Fanfiction𝚃𝚑𝚎𝚢 𝚕𝚘𝚘𝚔𝚎𝚍 𝚊𝚝 𝚎𝚊𝚌𝚑 𝚘𝚝𝚑𝚎𝚛 𝚊𝚜 𝙴𝙽𝙴𝙼𝚈 𝚞𝚗𝚝𝚒𝚕 𝚝𝚑𝚎𝚢 𝚛𝚎𝚊𝚕𝚒𝚣𝚎𝚍 𝚝𝚑𝚎𝚢 𝙻𝙾𝚅𝙴𝙳 𝚎𝚊𝚌𝚑 𝚘𝚝𝚑𝚎𝚛......☁︎︎