Part-5

1.7K 198 18
                                    

"ဟေ့ကောင် မင်းကပြန်တော့မလို့လား"

ကားစက်နှိုးနေသည့် Jungkook ကို Homin ကမေးခြင်းဖြစ်သည်...

"အေးလေ company သွားရအုံးမှာ"

"company ကဘယ်လိုနေလဲ"

"စိတ်ညစ်စရာကြီးပါကွာ"

"မင်းဟာကလည်း မနေ့ကမှအလုပ်စဝင်တာမလား ဟားဟား"

"အေးလေ တစ်ရက်တည်းပေမယ့်တကယ်စိတ်ပျက်စရာကြီးပါကွာ"

"အေးပါ မင်းကြည့်ရတာတော်တော်စိတ်ညစ်နေပုံပဲ"

"တကယ်ညစ်နေတာဟ ငါသွားတော့မယ်"

"အေးအေး သွား"
.
.
.
"ဟယ်လို..."

"ဟယ်လို ဟုတ်ကဲ့ CEO Kim ပြောပါရှင့်"

Taehyung ကသူ့ရဲ့ secretary ကိုဖုန်းဆက်နေခြင်းဖြစ်သည်...Taehyung ကသူ့ရုံးခန်းထဲမှာတစ်ယောက်တည်းပဲအလုပ်လုပ်သည်...ထို့ကြောင့် secretary အတွက်တစ်ခန်းသက်သက်စီစဉ်ပေးထားလေသည်...

"Design ဌာနက Jeon Jungkook ကိုခေါ်ပေးပါ"

"ဟုတ်ကဲ့ရှင့် ခဏလေးပါနော်"

secretary နဲ့ဖုန်းပြောပြီးနောက် Taehyung ရုံးခန်းထဲမှာ Jungkook ကိုစောင့်နေလေသည်...Jungkook ကမနေ့ကမှအလုပ်စဝင်တာဖြစ်သည်...ဒါပေမယ့် Taehyung ရဲ့ခေါင်းထဲမှာ Jungkook ကိုဒုက္ခပေးဖို့စဉ်းစားထားတာတွေကတစ်ပုံကြီးဖြစ်သည်...Jungkook ကိုဒုက္ခပေးဖို့ကိစ္စကိုတွေးလိုက်ရုံနဲ့တင် Taehyung ပြုံးလိုက်မိသည်...

တကယ်ဆို Taehyung ရဲ့ပုံစံကဒီလိုသူများကိုဒုက္ခပေးတတ်တဲ့ပုံစံမျိုးမဟုတ်ချေ...သို့သော် Jungkook ကိုတော့စချင်သလိုလို၊နောက်ချင်သလိုလို၊ပြဿနာရှာချင်သလိုလိုဖြစ်နေသည်...ဒါပေမယ့်သူ့စိတ်ထဲမှာ Jungkook ကယဉ်ကျေးမှုမရှိလို့မှတ်လောက်သားလောက်အောင်သူအမြင်ကတ်ကတ်နဲ့ဒုက္ခပြန်ပေးနေတာလို့ပဲမှတ်ယူထားလေသည်....Jungkook အကြောင်းကိုစဉ်းစားနေရင်းနဲ့အပြင်ကနေတံခါးခေါက်သံကိုကြားလိုက်ရသည်...

"ဝင်ခဲ့ပါ"

"ဘာလဲ"

"ငါ့ဖို့ကော်ဖီဖျော်ပေး"

"ဘာ!!"

"မင်းနားလေးနေလား ကော်ဖီဖျော်ပေးလို့"

𝐿𝑜𝑣𝑒 𝑆𝑜𝑙𝑢𝑡𝑖𝑜𝑛Where stories live. Discover now