"မင်းဒီနေ့နောက်ကျတယ်"
ဓာတ်လှေကားတံခါးကိုပိတ်မလို့လုပ်နေသည့်အချိန်တွင်လက်ထိုးကာတားလိုက်သည့် Jungkook ကိုကြည့်ကာ Taehyung ပြောသည်....
"လာရင်ပြီးတာပဲမလား စောက်ပိုတွေပြောမနေနဲ့"
ဓာတ်လှေကားထဲကိုဝင်ကာ Taehyung ရဲ့ဘေးမှာရပ်ရင်း Jungkook ပြောသည်...Taehyung ကိုမကျေကြည့်နေရင်းနဲ့လက်ထဲမှာကိုင်ထားသည့် ကော်ဖီဘူးကိုသတိထားမိသွားလေသည်....
"ဘာလဲ"
Jungkook ရဲ့အကြည့်ကိုသတိထားမိသွားတာကြောင့် Taehyung မေးခြင်းဖြစ်သည်...
"ကော်ဖီတွေလား"
"ဟုတ်တယ်"
"ဘာလို့ခင်ဗျားကလာဝယ်တာလဲ"
"မင်းမှမလာသေးတာ Secretary Seon ကလည်းငါအလုပ်ကိစ္စခိုင်းလိုက်လို့အပြင်သွားတယ်"
"အဲ့တာများကိုယ့်ဘာသာကိုယ်ဖျော်လိုက်ပါ့လား အလကားဆင်းဝယ်နေသေးတယ်"
"ငါ့ဘာသာငါမဖျော်ချင်လို့ကွာ"
"ငပျင်း..."
"Jeon Jungkook!!မင်းကမှငပျင်း"
Jungkook ရဲ့စကားကြောင့် Taehyung ဒေါသထွက်လာလေသည်...
"အဲ့တာဆိုခင်ဗျားဘာလို့ကိုယ့်ဘာသာကိုယ်မဖျော်လဲ ငပျင်းမို့လို့မလား ဟက်"
"ငါကဆိုင်ကကော်ဖီပဲကြိုက်တာ ကိုယ်တိုင်ဖျော်ရတဲ့ဟာတွေမကြိုက်ဘူး"
"ဟင်...အဲ့တာဆိုကျွန်တော့်ကိုဘာလို့ဖျော်ခိုင်းလဲ ဟမ်!! ဝယ်သောက်လိုက်ပါ့လား"
Jungkook အလုပ်ဝင်တာတစ်ပတ်ရှိပြီဖြစ်သလို Taehyung ကိုကော်ဖီဖျော်ပေးရတာလည်းနေ့တိုင်းဖြစ်သည်....
"မင်းကိုခိုင်းချင်လို့"
"ခင်ဗျား....!!"
Taehyung ရဲ့အင်္ကျီကိုလှမ်းဆွဲကာထိုးဖို့ပြင်လိုက်ပေမယ့် ဓာတ်လှေကားတံခါးပွင့်သွားတာကြောင့် Jungkook လက်လျော့လိုက်ရသည်...သို့သော် Jungkook ရဲ့လက်တစ်ဖက်က Taehyung ရဲ့အင်္ကျီတင်းနေအောင်စုပ်ကိုင်ထားကာကျန်တစ်ဖက်ကထိုးဖို့ရွယ်ထားဆဲဖြစ်သည်....
"ညီ...."
ဓာတ်လှေကားတံခါးပွင့်သွားတော့မြင်လိုက်ရတာက Minjae ဖြစ်သည်...ဓာတ်လှေကားထဲက Taehyung နဲ့ Jungkook ရဲ့ပုံစံကိုတွေ့လိုက်ရသောအခါ Minjae အံ့ဩနေလေသည်....
YOU ARE READING
𝐿𝑜𝑣𝑒 𝑆𝑜𝑙𝑢𝑡𝑖𝑜𝑛
Fanfiction𝚃𝚑𝚎𝚢 𝚕𝚘𝚘𝚔𝚎𝚍 𝚊𝚝 𝚎𝚊𝚌𝚑 𝚘𝚝𝚑𝚎𝚛 𝚊𝚜 𝙴𝙽𝙴𝙼𝚈 𝚞𝚗𝚝𝚒𝚕 𝚝𝚑𝚎𝚢 𝚛𝚎𝚊𝚕𝚒𝚣𝚎𝚍 𝚝𝚑𝚎𝚢 𝙻𝙾𝚅𝙴𝙳 𝚎𝚊𝚌𝚑 𝚘𝚝𝚑𝚎𝚛......☁︎︎