Surprise !!

1.8K 158 5
                                    

"မင်းတို့တွေဒါလေးတောင်အဖြစ်ရှိအောင်မလုပ်နိုင်ကြဘူးလား!!ဟမ်!!"

Product အသစ်ကိုစျေးကွက်ထဲဖြန့်ချီဖို့ကိစ္စကိုအောင်မြင်အောင်မလုပ်နိုင်တဲ့အတွက် Taehyung ဒေါသထွက်ခြင်းဖြစ်သည်...

"C..CEO...ကျွန်..ကျွန်တော်တို့ပြန်ကြိုးစားကြည့်ပါ့မယ်...တောင်းပန်ပါတယ်"

ဖြန့်ချီရေးပိုင်းမှာတာဝန်ယူထားသည့် manager နဲ့ ဝန်ထမ်းတွေကခေါင်းငုံ့ကာဦးညွှတ်တောင်းပန်ရင်းပြောသည်...

"တောက်!!အသုံးကိုမကျဘူး ဘာမှကိုယုံကြည်ပြီးလွှဲပေးလို့မရဘူး သွားတော့ ဒီကိစ္စကိုအောင်မြင်အောင်မလုပ်နိုင်ရင်မင်းတို့တွေအကုန်လုံးအလုပ်လက်မဲ့ဖြစ်ပြီမှတ် ကြားလား!!"

"ဟုတ်..!!ဟုတ်ကဲ့ တောင်းပန်ပါတယ် ခွင့်ပြုပါအုံး"

manager ကဦးဆောင်ကာတောင်းပန်ရင်းရုံးခန်းထဲကနေထွက်သွားကြလေသည်...Taehyung ကတော့စိတ်တွေရှုပ်ကာဒေါသထွက်နေလေသည်...ထို့နောက် Secretary Seon ကိုဖုန်းဆက်ဖို့ပြင်သည်...

"ဟယ်လို...CEO ပြောပါရှင့်"

"Jungkook ကိုခေါ်ပေးပါ"

"ဟုတ်ကဲ့ပါရှင့်"

Jungkook ကိုခေါ်ခိုင်းပြီးနောက် sofa ပေါ်ကို Taehyung ပြောင်းထိုင်လိုက်သည်...sofa ရဲ့နောက်အမှီကိုမှီထားကာဒေါသကိုထိန်းချုပ်ဖို့ကြိုးစားနေလေသည်...ထိုအချိန်တံခါးခေါက်သံတစ်ခုထွက်ပေါ်လာလေသည်...

"ဝင်ခဲ့ပါ.."

Taehyung ကဝင်ခွင့်ပြုလိုက်သောအခါတံခါးပွင့်သွားကာ Jungkook ဝင်လာလေသည်...Jungkook ကိုမြင်သည့်အခါ Taehyung မတ်တပ်ထရပ်ကာ Jungkook ရှေ့ကိုသွားကာခါးကိုဖက်ထားရင်းပုခုံးပေါ်ကိုခေါင်းမှောက်ကာအိပ်လိုက်လေသည်...

"ဘာဖြစ်လို့လဲ ခင်ဗျားဒေါသထွက်နေတယ်လို့ပြောနေကြတယ်..."

Taehyung ရဲ့ဆံပင်တွေထဲကိုလက်ထိုးဖွကာ Jungkook မေးသည်...

"အွန်း...ငါခိုင်းထားတာကိုသေချာမလုပ်နိုင်ကြလို့..."

"လူပဲဗျာ တစ်ခါတစ်လေတော့အမှားပါမှာပေါ့...."

"အွန်း..."

Jungkook ရဲ့လည်ပင်းကိုနမ်းရှိုက်ရင်း Taehyung ပြန်ဖြေသည်...

𝐿𝑜𝑣𝑒 𝑆𝑜𝑙𝑢𝑡𝑖𝑜𝑛Where stories live. Discover now